စစ်တွေတွင် ကျူးကျော်အိမ်ထောင်စုများကို ပြောင်းရွှေ့နေရာချထား

စစ်တွေတွင် ကျူးကျော်အိမ်ထောင်စုများကို ပြောင်းရွှေ့နေရာချထား

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စက်ရုံရပ်ကွက်တွင် ကျူးကျော်နေထိုင်ကြသော
အိမ်ထောင်စုများကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မင်းဂံရပ်ကွက်သို့
ရွှေ့ပြောင်းနေရာချထားပေးနေကြောင်း စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက
ပြောသည်။

''ကျူးကျော်တွေနေတဲ့ နေရာက အရင်ကသချုႋင်းမြေနေရာဟောင်း ဖြစ်ပါတယ်။ အခုတော့
အစိုးရက စစ်မှုထမ်းဟောင်းဝန်ထမ်းအိမ်ရာတွေအတွက် မြေဂရမ်ချထားပေးလိုက်တာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

စစ်တွေမြို့ရှိ အဆိုပါကျူးကျော်နေထိုင်သူများသည် စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊
ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောအစရှိသော မြို့နယ်များမှဖြစ်ပြီး ကျပန်း
အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ကျုးကျော် အိမ်ထောင်စုများကို မင်းဂံရပ်ကွက်တွင်
ပြည်နယ်အစိုးရအဖွဲ့က မြေခြောက်ဧကကို ခွဲဝေနေရာ ချထားပေးထားကြောင်းလည်း
ဦးညွန့်ဝင်းက ပြောသည်။

ကျူးကျော်နေထိုင်ကြသော အိမ်ထောင်စု ၂၁၃ စုရှိပြီး ပြောင်းရွှေ့ခြင်းမပြုမီ
နေထိုင်သူများ၏စာရင်းကို အသေအချာကောက်ယူခဲ့ကြောင်း၊ မြေနေရာအပိုင်
ချထားပေးခဲ့ခြင်းကြောင့် မကျေနပ်မှုများ မရှိခဲ့ကြောင်းလည်း၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး