ဂဝံမြို့ဟောင်းများနှင့် ဂဝံယဉ်ကျေးမှုများကို သုတေသနပြုရန်လိုအပ်

ဂဝံမြို့ဟောင်းများနှင့် ဂဝံယဉ်ကျေးမှုများကို သုတေသနပြုရန်လိုအပ်

အောက်မြန်မာနိုင်ငံရှိ ဂဝံမြို့ဟောင်းများနှင့် ဂဝံယဉ်ကျေးမှု၊ ရှေးဟောင်းလက်ရာများကို သုတေသန
ပြုလုပ်၍ အချိန်မီ ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်သင့် ကြောင်း ပညာရှင်များက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန(ယဉ်ကျေးမှု)၀န်ကြီး ဒေါက်တာမင်းနွယ်စိုး
က သုတေသနဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ သမိုင်းအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းမှု
မြှင့်မားလာစေရန် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ရန်လိုအပ် ကြောင်း မြန်မာတိုင်း(မ်)ကို ပြော
သည်။

"အောက်မြန်မာနိုင်ငံအတွက် သုတေသနလုပ်ငန်းက မရှိသလောက်နည်းတယ်။ တင်ပြနေတဲ့သုတေ
သနတွေ့ရှိ ချက်တွေကလည်း တိုင်းပြည်တစ်ခုလုံးကို ကိုယ်စားပြုသယောင်ရှိပေမယ့် အားလုံးကို
မကာမိဘူး။ ဒီအတိုင်းသွားမယ်ဆိုရင်တွေ့ရှိချက်တွေက ပြည့်စုံတဲ့တွေ့ ရှိချက်ဖြစ်မှာမဟုတ်ဘူး။
သုတေသန လုပ်ငန်းဖွံ့ဖြိုးဖို့ လိုတယ်။ တွေ့ရှိချက်တွေကို ပြည်သူကိုအမှန်အတိုင်းချပြနိုင်ရ မယ်။
တိုင်းပြည်နဲ့ ယဉ်ကျေးမှုကိုချစ် မြတ်နိုးတန်ဖိုးထားဖို့ အသိပညာပေးရမယ်။ အဓိက လူငယ်တွေဆီ
ဒီအတွေး အမြင်တွေရောက်ဖို့ လိုအပ်တယ်"ဟု ၀န်ကြီးက ပြောသည်။

၁၉၄၀ ပြည့်နှစ်များတွင် အောက်မြန်မာ နိုင်ငံ၌ ရှေးဟောင်းယဉ်ကျေးမှုထွန်းကားခဲ့ခြင်းမရှိကြောင်း
သမိုင်းအယူအဆတစ်ရပ်ပေါ်ထွန်းခဲ့ပြီး သထုံဒေသတွင်ရှိသည်ဟုဆိုသော ပုဂံခေတ်ထက် စော
သည့်မြို့ဟောင်း ယဉ်ကျေးမှုကို သက်သေပြရန် အထောက်အထားမရှိ ကြောင်းတချို့သော သမိုင်း
သုတေသီများက ဆိုသည်။

ထိုအချိန်က အောက်မြန်မာနိုင်ငံ သထုံဒေသတွင် ရှေးဟောင်းသုတေသနနည်းဖြင့် တူးဖော်လေ့့လာ
ခဲ့ခြင်းမရှိခဲ့ပဲ မျက်မှောက်ခေတ်ကာလတွင်လည်း တူးဖော်သုတေသနပြုလုပ်ခြင်း လုပ်ငန်းများအစ
ပျိုးလျက်သာရှိသေးသည်။

ထိုကဲသို့ စူးစမ်းရှာဖွေလေ့လာခြင်းများအားနည်းနေခြင်းသည် အောက်မြန်မာ နိုင်ငံ၌ ရှေးဟောင်း
ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းမရှိဟူသော သမိုင်းအယူအဆကို အားပေးရာ ရောက်နေရုံသာမကရှိ ပြီး
သား သမိုင်းအထောက်အထားများကိုအချိန်မိထိန်းသိမ်းမှုကို နှောင့်နှေး စေကြောင်း ယဉ်ကျေးမှုဝန်
ကြီးဌာန သမိုင်းသုတေသန အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

"အောက်မြန်မာနိုင်ငံမှာ ရှေးဟောင်း မြို့တော်တွေရှိတယ်။ ဒီမြို့တွေကို ဂဝံနဲ့ တည်ဆောက်ခဲ့ကြ
တယ်။ သုတေသီတို့ မြင်ကွင်းမှာ ဒီမြို့တော်တွေ ကွယ်ပျောက် နေကြတာဟာ မြို့တွေကို ဂဝံနဲ့
ဆောက်ခဲ့ကြလို့ပဲ။ ဂဝံဝတ္ထုပစ္စည်းကို မျက်မှောက် ခေတ်လူတို့ အမှုမဲ့အမှတ်မဲ့ သုံးစွဲမှုပမာဏကြီးခဲ့
လို့ အစပျောက်ရမလောက် ပျက်စီးသွားခဲ့တာပါ"ဟု ၎င်းက ပြောသည်။

ယခင် မြန်မာရှေးဟောင်းသုတေသီ ကြီးများကလည်း သထုံဒေသသည် မိုးများစွာ ရွာသွန်းသည့်ဒေ
သဖြစ်၍ သစ်တောကြီးများထူထပ်စွာပေါက်ရောက် ရှင်သန်လျက်ရှိပြီး ရှေးမြို့ဟောင်းကြီးများသည်
တောဖုံး၍နေလျက်ရှိကြောင်း ထို့ကြောင့် တူးဖော်သုတေသနပြုလုပ်ရန်ပင် လွယ်ကူမည်မဟုတ်
ကြောင်း တင်ပြခဲ့ကြဖူးသည်။

ယင်းအကြောင်းပြချက်သည် မှန်ကန်သည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းနှင့် ဆက်နွှယ်လျက်ရှိ
သော အခြားအကြောင်းတစ်ရပ်မှာ အောက်မြန်မာနိုင်ငံ၏ မြို့ဟောင်းကြီးများနှင့် ယဉ်ကျေးမှု
အဆောက်အအုံများကို တည်ဆောက်ရာတွင် အဓီကအသုံးပြုထားခဲ့သော ၀တ္ထုပစ္စည်းမှာ ဂဝံ
ကျောက်များဖြစ်ခြင်းပင်ဖြစ်သည်ဟုဦးစံဝင်းက ပြောသည်။

ဂဝံကျောက်မြေသည် ရွှ့ံမြေဝါအမျိုး အစားတစ်မျိုးဖြစ်၍ ယင်းမြေစေးသည် လူတို့ ပြုပြင်ဖန်တီးမှု
ကြောင့်(သို့) မိမိသဘာဝအတိုင်းလည်းကောင်း၊ အောက်ခံရေနှင့် အဆက်အသွယ်ပြတ်တောက်
သွားသည့်အခါ ကျောက်သားကဲ့သို့ မာကျောလာသည့် သဘာဝရှိသည်။

ဂဝံကျောက်သည် သဲကျောက်၊ စကျင်ကျောက်၊ နှမ်းဖတ်ကျောက်တို့ကဲ့ သို့ အကောင်းစားတည်
ဆောက်ရေး ၀တ္ထုပစ္စည်းမဟုတ်ပေ။ မြေမီးဖုတ်အုတ် ချပ်နှင့် နှိုင်းယှဉ်လျှင်လည်း ၎င်းကထူးကဲသာ
လွန်ကောင်းမွန်သည်ဟု မဆိုနိုင် ပေ။

ဂဝံ အဆောက်အအုံတစ်ခု ပြိုကျပျက်စီးသွားပြီး၊ ထိန်းသိမ်းပြုပြင်နိုင်ခြင်းမရှိပါက အောက်မြန်မာ
နိုင်ငံကဲ့သို့ မိုးများပြီး သစ်တောထူထပ်သည့်ဒေသတွင် နှစ်အနည်းငယ်အတွင်း သစ်တောဖုံးသွားနိုင်
သည်။

ထိုဂဝံရှေးဟောင်းကုန်းကို သဘာဝဂဝံကုန်းဟု ထင်မှတ်မှားပြီး ဂဝံကျောက် လိုချင်သူများက
အလွယ်တကူကောက်ယူ သုံးစွဲသွားနိုင်သည်။

ခေတ်သစ်လမ်းများ ပေါ်ထွန်းလာသည့် ၁၉ ရာစုနှောင်းပိုင်းကာလမှစ၍ အောက်မြန်မာနိုင်ငံတွင်
ဂဝံကျောက်ကို လမ်းခင်းရာ၌တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ဦးစံဝင်းက ပြောသည်။

အလားတူ ဘားအံတက္ကသိုလ်မှ ဆရာ ဖြစ်သူ ဒေါက်တာနန်းလှိုင် ကလည်း ဟံသာဝတီ ၃၂ မြို့ဝင်
ရှေးဟောင်းမွန်များ အခြေချခဲ့သော ရန်ကုန်တိုင်း သံလျင်ဒေသတွင်လည်း ဂဝံယဉ်ကျေးမှုလက်ရာ
များကို တွေ့ရှိနိုင်ကြောင်း ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲတွင် ပြောသည်။

"သံလျင်က နေရာ ၂၅ နေရာမှာလေ့လာချက်အရ အလယ်ခေတ်မွန်တို့ရဲ့ ဂဝံယဉ်ကျေးမှု ထွန်းကား
ခဲ့တယ်လို့ ဆိုနိုင်တယ်။ ကျိုက်ခေါက်၊ ကျိုက်ဒေးရပ်၊ မြတ်စောညီနောင်စတဲ့ဘုရားတွေရဲ့ အတွင်း
ပိုင်းဟာ ဂဝံကျောက်တွေပါပဲ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂဝံရှေး ဟောင်းဘုရားတွေဟာ မိုးဒဏ်နဲ့ ရာသီဥတုကြောင့် အုတ်
ပုံလို့ ထင်မှတ်မှားရ လောက်အောင် ပျက်စီးနေတယ်။

အချို့က ဘုရား၊ ရုပ်ပွားတော်အကျိုးအပဲ့တွေ အုတ်ခုံတွေပေါ်မှာ လူတွေက အိမ်သာတွေ ဆောက်
ထားတာကို တွေ့ခဲ့ရတယ်" ဟု ဒေါက်တာနန်းလှိုင်က ပြောသည်။

ရှေးဟောင်းသုတေသနပညာရှင် ဦးအောင်သော်ကလည်း ၎င်း၏ Historical Sites in Burma
စာအုပ်တွင် အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် သံလျင်မြို့ပတ်ဝန်းကျင်ရှိ သဘာဝဂဝံ ကျောက်မြေ
လွှာဖြစ်ပေါ်ပုံနှင့် ၎င်း ကျောက်မြေကို လူတို့က လူနေအဆောက် အအုံ၊ ဘာသာရေးအထိမ်းအမှတ်
အဆောက်အအုံ၊ ဘုရားစေတီများ ရုပ်တုများဖန်တီးပြုလုပ်ရာတွင် အသုံးပြုပုံများကို သံလျင်ခရိုင်
ဂေဇက်တီးယား စသောမှတ်တမ်းများတွင်ရေးသားဖော် ပြခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

ဂဝံမြိုတော်ဟောင်းအစုအဝေးများ တည်ရှိရာဖြစ်သော စစ်တောင်းနှင့် သံလွင်တို့အကြား ကျိုက်ထို၊
ဘီလင်းနှင့် သထုံ ဒေသများရှိ ကျိက္ကသာ၊ ဇုတ်သုတ်၊ ကတိုက်ကြီးနှင့် သထုံမြို့ဟောင်းများသည်
ပုဂံခေတ်မတိုင်မီက တည်တံ့ထွန်းကားခဲ့သော ရှေးမြို့ဟောင်းများဖြစ် ကြောင်း သမိုင်းပညာရှင်များ
က ပြောသည်။

ဂဝံမြေလွှာကို အနက်တူးလျက်ဥမင် လိုဏ်များ၊ ကန်၊ ကျင်း၊ မြောင်းများ တူး ဖော်ခဲ့ကြသည်။

ဂဝံမြေတွင် ကုဗတုံးပုံသဏ္ဌာန် ဂဝံကျောက်အုတ်များထုတ်ယူလျက် ၎င်းအုတ်များကိုမြို့တံတိုင်းဝင်း
ခတ်ရာ၌ အသုံးပြုခဲ့ကြကြောင်း ၎င်းမြို့ ဟောင်းများမှ လေ့လာတွေ့ရှိရသည်။

သထုံဒေသတွင် ရေချိုထွက် ဂဝံတွင်းပေါက်များကို တွေ့ရှိနိုင်သည်။ ရေထွက်သော ဂဝံတွင်းပေါက်
များအနက် မြေအောက်ရေ အတွက်တူးသည့်တွင်းရှိသကဲ့သို့ အထင်မြေပြင်ပိုင်းရှိ ရေအိုင်၊ ရေကန်
များ သွယ်ယူပြီးရေရရန် တူးသည့်တွင်းများလည်း ရှိသည်။

ဒုတိယအမျိုးအစားအတွက် မြေအောက်လိုဏ်လမ်းနှင့် ရေမြောင်းစနစ် တစ်ခု လိုအပ်သည်။

ထိုစနစ်မျိုးကို ကျိက္ကသာမြို့ဟောင်း နတ်ကြီးဆိပ်တောင် ကုန်းဗော့ကဗန်းဂူ၌တွေ့ရသည်။

အဆိုပါ ဥမင်လိုဏ်ပေါက်စနစ်မှာ လူဝင်၊ လူထွက်လျှောက်လမ်းများအဖြစ်လည်း အသုံးပြုနိုင်သည်။

ဂဝံမြို့ဟောင်း များသည် မြေပေါ်တွင်သာမက မြေ အောက်တွင်လည်း ရှေးမြို့ဟောင်းခေတ် ဗိသု
ကာလက်ရာအစီအမံများ ပြုလုပ်ထားမည်ဟု ယုံကြည်ရသော်သုတေသန အထောက်အထားများ
ပြုလုပ်ရန်လိုအပ်ကြောင်းဦးစံဝင်းက ပြောသည်။

ယခုခေတ်သံလျင်၊ မှော်ဘီ၊ တွံတေး ရန်ကုန်၊ ပဲခူး၊ ကျိုက်ထို၊ သထုံ၊ ဘားအံ မော်လမြိုင်စသည့် မြို့
များသည်ဂဝံမြေခံကုန်းများပေါ်တွင်တည်ထားသော မြို့များ ဖြစ်ကြသည်။

ပုဂံခေတ်အလွန် မုတ္တမခေတ် ဂဝံမြို့ ဟောင်းငယ်များလည်း ရှိသည်။ ၎င်းလူနေမှုအဖွဲ့အစည်းသည်
ဂဝံမြေကိုရွေးချယ်၍ လူမှုတည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ရာတွင်ဘာသာရေး
ယုံကြည်မှုအရ အနုပညာလက်ရာ ဖန်တီးမှုများရှိခဲ့ရာ ၎င်းဂဝံယဉ်ကျေးမှု ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်
ဟု သမိုင်း တွင် မှတ်တမ်းတင်ရခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး