ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အမှု ဆောင်ညွှန်ကြားရေးမှူးဖြစ်
သူ မစ္စတာ Yury Fedotov မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာရာ ၎င်း၏ လေးရက်တာ
ခရီးစဉ် နောက်ဆုံးနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ၎င်း၏အတွေ့
အကြံု နှင့် မြန်မာနိုင်ငံအပေါ်ထင်မြင်ချက်များအား မြန်မာတိုင်း(မ်)မှ သီးသန့် တွေ့ဆုံမေးမြန်းထား
သည်။
* ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွေကို ပထမဆုံးလို့ သိရပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ ရောက်ရှိလာတာပါလဲ။
အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံဟာ UNODC ကအလေးထားဆုံးဒေသထဲမှာ ပါ၀င်ပါတယ်။
ရည်ရွယ်ချက်ကတော့ ပထမဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ ဒီဒေသမှာ ဘာတွေလုပ် နေတယ်
ဆိုတာရယ်၊ ကျွန်တော်တို့အနေနဲ့ နောက်ထပ်ဘာတွေထပ်လုပ် နိုင်မယ်၊ ဘယ်လိုရလဒ်တွေ ထပ်
ရနိုင်တယ်ဆိုတာတွေကို ကျွန်တော်ကိုယ်တိုင် သိမြင်နားလည်ချင်တာရယ် ကြောင့်ပါ။
အရင်ကထက် မှုခင်းနှင့် မူးယစ်ဆေးတွေ နည်းလာဖို့၊ တရားဥပဒေ စိုးမိုးမှုတွေ ပိုရှိလာဖို့နဲ့အကျင့်
ပျက် ခြစားမှုတွေ လျှော့နည်းလာစေဖို့ပါ။ ပြီးတော့ ဒီအရှေ့တောင်အာရှဒေသ မှာရှိတဲ့နိုင်ငံတွေနဲ့
ပိုပြီးပူးပေါင်း လုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာကိုလည်း ကြည့်ရှုဖို့ပါ။
* ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအပါအဝင်
တခြား အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဲဒီတွေ့ဆုံမှုတွေမှာ ဘာတွေရ
ရှိခဲ့ပါသလဲ။
ကျွန်တော် ဒုတိယသမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးအပြင် တိုင်းရင်းသား
အုပ်စုတွေ နှင့် သူတို့ရဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အရေးကြီးဆုံး ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါပဲ။ ကျွန်တော့အတွက် လက်ရှိ
ဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေကို ပိုပြီးနားလည်စေသလို နောင်မှာ ကျွန်တော်တို့အနေနဲ့ ဘာတွေမျှော်
လင့်ထားဖို့လိုတယ်ဆိုတာကိုလည်း သဘောပေါက် စေပါတယ်။
သူမရဲ့အမြင်တွေက တကယ်ကို အသုံးဝင်ပါတယ်။ကျွန်တော်တို့အနေနဲ့ အဲဒါတွေကို ကျွန်တော်တို့
မြန်မာနိုင်ငံမှာ လုပ်ဆောင်မယ့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး နှင့် တရားစီရင်ရေးစနစ်ပြုပြင်
ပြောင်းလဲ ရေးလုပ်ငန်းတွေမှာ ထည့်သွင်းစဉ်းစား သွားမှာဖြစ်ပါတယ်။
* ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံစဉ်အတွင်းမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်
ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်စာတမ်းကို ဆွေးနွေးခဲ့တယ်နော်။
ကျွန်တော့အနေနဲ့ သမ္မတကနေ ဖွဲ့စည်းထားတဲ့အစိုးရအဖွဲ့ဟာ ဒီသဘောတူညီချက်လက်မှတ်ထိုး
ရေး ကိစ္စကို အရှိန်မြှင့်လုပ်ဆောင်လိုတာကိုသိရတဲ့အတွက် အလွန်ပဲအားတက်မိပါတယ်။
အဲဒါသာ နောက်နှစ်မှာ ဖြစ်လာမယ်ဆိုရင် ဒါဟာ မြန်မာနိုင်ငံအတွက်သာမကပဲ ဒေသတစ်ခုလုံးရဲ့
ခြစားမှု တိုက်ဖျက်ရေးအတွက် အလွန်ပဲအရေးပါပါတယ်။
မြန်မာနိုင်ငံအနေနဲ့ဒီ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ အရေးကြီးသလို ကျွန်တော်
တို့ အနေနဲ့လည်း ဒီဖြစ်စဉ်မှာ အကြံဉာဏ်တွေ၊ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေ ပေးနိုင်ဖို့
ကြိုတင်ပြင်ထားဖို့လိုပါတယ်။
ဒုတိယသမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးတို့နဲ့ ဆွေးနွေးရာမှာ ကျွန်တော်တို့အနေနဲ့ ခြစားမှု
တိုက်ဖျက် ရေးနှင့်ပတ်သက်တဲ့ သင်တန်းတွေ မြန်မာပြည်မှာ ပေးဖို့ကိုလည်း ဆွေးနွေး ခဲ့ပါတယ်။
ကျွန်တော်ဗီယင်နာ (ဩစတြီး ယားနိုင်ငံရှိ UNODC ၏ ရုံးချုပ်)ကို ပြန်ရောက်တာနဲ့ ဒါတွေကို
အကောင် အထည်ဖော်ပြီး ရှေ့ဆက်ဘာလုပ် ဆောင်သင့်တယ်ဆိုတာကို မြန်မာအစိုးရနဲ့ဆွေးနွေး
သွားမှာဖြစ်ပါတယ်။
* ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးမှုဟာ မြန်မာနိုင်ငံအတွက် ဘာကြောင့်အရေးကြီးတာ
လဲ။
ဒါဟာအဖွဲ့ဝင်အားလုံးနီးပါး ပါ၀င် လက်မှတ်ထိုးတားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုပါ။ တချို့
အနည်းငယ်က လွဲရင်ပေါ့လေ။
ဒီသဘောတူညီချက်ဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ခြစားမှုကို တိုက်ဖျက်ရေးမှာ အလွန်အရေးပါပါ
တယ်။ အကျင့်ပျက်ခြစားမှုဆိုတာဟာ ဖွံ့ဖြိုး တိုးတက်မှုကို လျော့ပါးစေတယ်။
လူမှုဘဝတိုးတက်မှုတွေကို နှောင့်နှေးတဲ့အပြင် လူ့အခွင့်အရေးနဲ့လည်း ဆက်စပ်နေပါတယ်။
ဒီသဘောတူညီချက်ကို လက်မှတ်ထိုးခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
ပိုပြီးဝင်လာမယ့် အခွင့်အရေးတွေရမှာ ဖြစ်သလို၊ မြန်မာနိုင်ငံနဲ့ သူ့ရဲ့ ပြင်ပကမ္ဘာကိုလည်း ပိုပြီးပွင့်
လင်းမှုရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။
ဒါကိုနိုင်ငံရေးကတိတစ်ခုအနေနဲ့ သူတို့မှတ်ယူပြီး ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးသွား
မယ်လို့ ကျွန်တော့ ကို ပြောခဲ့ပါတယ်။
ဒါဟာလွယ်တဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ လက်ရှိပြည်တွင်း ဥပဒေတွေကို သဘောတူညီချက်နဲ့
ကိုက်ညီအောင်ပြင်ဖို့လိုတယ်။ ဥပဒေ တွေကို သေသေချာချာလေ့လာဖို့လိုတဲ့အတွက် အချိန်တွေ
လည်းလိုပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာဖြစ်လာလိမ့် မယ်လို့ ကျွန်တော်ထင်ပါတယ်။
* ရှမ်းပြည်နယ်ကိုလည်း သွားခဲ့သေးတယ်နော်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုအများဆုံး ရှမ်းပြည်
နယ် အတွက် စိန်ခေါ်မှုတွေ ဘယ်လောက်ထိ ကြီးမားတယ်လို့ထင်ပါသလဲ။
အဲဒီဒေသမှာ ကျွန်တော်မြင်ခဲ့တာတွေက အားရစရာပါ။ ပြည်နယ်အစိုးရ၊ တိုင်းရင်းသားအရာရှိတွေ၊
ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီအပြင် အပစ်အခတ်ရပ်စဲရေးယူထားတဲ့ အုပ်စုတွေနဲ့
တွေ့ခဲ့ပြီး သူတို့အနေနဲ့ ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းကို အလေးထားပြီး ဆက်လက်လုပ်ဆောင်သွား
မယ်လို့ ပြောခဲ့ကြပါတယ်။
ဘိန်းခင်းဟက်တာ ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ပြီးပြီ။ ဒါဟာတကယ့်ရလဒ်ကြီးပါ။ ကျွန်တော်
တို့ ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လယ်သမားတွေကို အစားထိုး
သီးနှံတွေ ထောက်ပံ့ပေးဖို့လိုပါတယ်။ ရေရှည်ဖွံ့ဖြိုး မှုအတွက်ဆိုရင် သူတို့အနေနဲ့ ဘိန်းစိုက်ပျိုးမှု
ကနေ တခြားသီးနှံစိုက်ပျိုးမှုကို ပြောင်းဖို့လိုပါတယ်။
ဒါဟာလည်း ၄-၅ နှစ်အချိန်ယူရတဲ့ကိစ္စပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အရှေ့ကိုကြည့်ဖို့ လိုပါ
တယ်။
* UNODC ရဲ့ စာတမ်းအရ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ တိုးလာတယ်။ စစ်ပွဲကလည်း
ဆက် ဖြစ်နေတုန်းပဲ။ အဲဒီအနေအထား အပေါ်ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်ကချင်ကို မရောက်သေးပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်း အကောင်အထည်
ဖော်တဲ့ နေရာမှာလည်း မပါသေးဘူး။
ဘာလို့လဲ ဆိုတော့ လုံခြံုရေးအခြေအနေအရ မဖြစ်နိုင်လို့ပါ။ ဒါပေမယ့် သူ့အနေအထားကို စောင့်
ကြည့်နေဖို့ အရေးကြီး ပါတယ်။
လုံခြံုရေးအခြေအနေ ခွင့်ပြုပြီဆိုတာနဲ့သွားဖို့လိုပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံ
ဘိန်း စိုက်ပျိုးမှု စုစုပေါင်း ၉၀ ရာခိုင်နှုန်းကို ယူထားတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။
တခြားဒေသတွေကို စောင့်ကြည့် နေချိန်မှာပဲ ကျွန်တော်တို့အနေနဲ့ ရှမ်းပြည်နယ်ကို အာရုံစိုက်ဖို့
လိုပါ တယ်။
* ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီရမယ့်၂၀၁၅ မတိုင်ခင် UNODC အနေနဲ့ ဘယ်လိုဆက်လုပ်
သွားမယ်ဆိုတဲ့ တိကျတဲ့အစီအစဉ် တွေရော ရှိနေပြီလား။
ထောင်စုနှစ်ရည်မှန်းချက်ဟာ UN နှင့် သူရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံး အတွက် ပိုပြီးအရေးပါ
လာတဲ့အကြောင်း အရာပါ။
ဒါဟာ ၂၀၁၅ မှာ ပြီးမြောက် ရမယ့် ကိစ္စတစ်ခုလည်းဖြစ်တယ်။ အဲဒီမှာ တရားဥပဒေစိုးမိုးရေးတွေ
ပိုကောင်းလာဖို့လိုပါတယ်။
တရား စီရင်ရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ခြစားမှု၊ အုပ်စုဖွဲ့မှုခင်းကျူးလွန်မှုတွေ၊ အကြမ်းဖက်မှု
တိုက်ဖျက်ရေး။ ဒါတွေ အားလုံးကို အတူတကွချိတ်ဆက် လုပ်ဆောင်ဖို့လိုပါတယ်။
ဒါဟာ ၂၀၁၅ ကို လွန်သွားနိုင်ပေမယ့်လည်း အကောင်အထည်ဖော်နိုင်ပါတယ်။
* ဒီနေ့က ခရီးစဉ်လေးရက်တာရဲ့ နောက်ဆုံးနေ့ဆိုတော့ ခရီးစဉ်မစခင်ထားတဲ့ မျှော်လင့်ချက်တွေ
ပြည့်မီခဲ့ရဲ့လား။
ကျွန်တော့မြင်ခဲ့တာတွေက မျှော်လင့်ချက်တွေကို ကျော်တောင်ကျော်ပါတယ်။ ပြန်ရောက်တာနဲ့
အလုပ်တွေ လုပ်ဖို့လိုတယ်။
ဗီယင်နာရုံးမှာရှိတဲ့ ကျွန်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ တခြားသူ တွေလာပြီး မတူညီတဲ့
အကြံဉာဏ်တွေ ရှုထောင့်တွေပေးပြီး မြန်မာနိုင်ငံရဲ့ ဒီအကူးအပြောင်းကာလကိုထောက်ပံ့ ပေးနိုင်
မယ်လို့ မျှော်လင့်ပါတယ်။
















