ဆိတ်မွေးမြူရေးတိုးတက်ရန် နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ကူညီ

ဆိတ်မွေးမြူရေးတိုးတက်ရန် နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ကူညီ

မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေးစီမံချက် အကောင်အထည် ဖော်ရန်ရည်ရွယ်ပြီး
နိုင်ငံတကာအစိုးရမဟုတ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Winrock  International မှ ကူညီပေးမည်
ဟုသိရသည်။

အဆိုပါ အဖွဲ့၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက်အဖွဲ့မှ မှနည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးနိုင်မည့် မွေးမြူ
ရေးကျွမ်းကျင်သူနှစ်ဦးလာရောက်၍ ယခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးတိုင်းဒေသကြီး နှင့်မကွေး
တိုင်းဒေသကြီးများသို့ သွားရောက်ကာ တောင်သူများနှင့် ကုန်သည်များအား ဆိတ်မွေးမြူသည့်
စနစ်ကို သရုပ်ဖော်ပြသမည်ဖြစ်ကြောင်း မွေးမြူ ရေးလုပ်ငန်း အဖွဲ့ချုပ်မှသိရသည်။

၎င်းတို့ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ဒီဇင်ဘာလ ၃ ရက်နေ့ က မြန်မာနိုင်ငံမွေးမြူ
ရေးလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ၄ ရက်နေ့တွင် ဟောပြောပွဲကျင်းပ
ပြုလုပ်ခြင်း၊ ၅ ရက်နှင့် ၆ ရက် နေ့များတွင် သားသတ်ရုံနှင့် ဆိတ်မွေးမြူ ရေးခြံများသိုသွားရောက်
လေ့လာခြင်း၊ သားသတ်လိုင်စင်စီ ဆိတ်ကုန်သည်နှင့် အသားဖြန့်ဖြူး ရောင်းချသူများနှင့် တစ်ပိုင်
တစ်နိုင် ဆိတ်မွေးမြူသူ တောင်သူများနှင့် တွေ့ဆုံပြီးအကျိုး ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်သည့် မွေးမြူ
ရေးစနစ်များကိုပြသပေးခြင်း၊ ရ ရက်မှ ၁၄ ရက်နေ့ အထိ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေ
သကြီး အတွင်းရှိ ဆိတ်မွေးမြူရေးနှင့် ပတ်သက်သည့် ဆိတ်ရောင်းဝယ် ဖောက်ကားမှုပြုလုပ်သည့်
နေရာဌာန၊ ကုန်သည်နှင့် တောင်သူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆိတ်မွေးမြူသည့် စနစ်ကို သရုပ်
ပြသမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး