ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်း ဘုန်းတော်ကြီးကျောင်းပေါင်း ၁၂ဝ တွင် အကောင်အထည်ဖော်မည်

ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်း ဘုန်းတော်ကြီးကျောင်းပေါင်း ၁၂ဝ တွင် အကောင်အထည်ဖော်မည်

 

ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပ ပညာရေးစီမံကိန်းကို ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းပေါင်း ၁၂ဝ တွင် ယခုနှစ်မှ စတင်ပြီး သုံးနှစ်စီမံကိန်းဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုန်းတော်ကြီးသင်
ပညာရေး ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဦးနာယက မိန့်သည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၇၁၉ သုံးနှစ်စီမံကိန်းအဖြစ် တစ်နှစ်လျှင် ကျောင်းပေါင်း
၄ဝ နှုန်းတွင် ချိတ်ဆက်သင်ကြားနိုင်ရန်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး
ဘုန်းတော်ကြီးသင်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် တယ်လီနောမြန်မာ
လီမိတက်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

''စတူဒီယိုခန်းနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေကို တိုက်ရိုက်စာသင်လို့ ရမှာဖြစ်တယ်။
မေးချင်တာတွေလည်း အွန်လိုင်းကနေတစ်ဆင့် မေးလို့ရမှာဖြစ်သလို ပြန်လည်း
ဖြေပေးနိုင်မယ့်
သင်ကြားနည်းစနစ်ဖြစ်တယ်''ဟု ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပပညာရေး
စီမံကိန်းနှင့်ပတ်သက်ပြီး ဆရာတော်ဦးနာယကက မိန့်သည်။

သင်ခန်းစာများကို အင်တာနက်ကွန်ရက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သင်ကြားမည်ဖြစ်ပြီး
သင်ခန်းစာများ ထုတ်လွှင့်သင်ကြားမည့် စတူဒီယိုခန်းကို မန္တလေးတိုင်းဒေသကြီးရှိ
ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တည်ဆောက်ထားပြီးဖြစ်ကြောင်း၊
အစိုးရသင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားပေးမည်ဖြစ်ပြီး သင်ခန်းစာများကို တစ်နေ့လျှင်
နှစ်နာရီနှုန်းဖြင့် တစ်ပတ်လျှင် ခြောက်ရက်သင်ကြားမည်ဖြစ်ကြောင်း ကျောင်းသားများအနေဖြင့်
အခြေခံပညာသင်ရိုးများ ပြီးမြောက်သည်အထိ သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စတူဒီယိုခန်းတွင်းမှတစ်ဆင့် သင်ကြားပေးမည့် ဆရာ၊ ဆရာမ လေးဦးနှင့် မန်နေဂျာ
လေးဦးရှိပြီး အဆိုပါစီမံကိန်း၏ အကောင်အထည်ဖော်မှုမှ တစ်ဆင့် ယခုနှစ်မကုန်မီကာလအတွင်း
ကလေးငယ်ပေါင်း ၁,ဝဝဝ ကို အကျိုးရလဒ်ရှိစေမည်ဖြစ်ကြောင်းသိရသည်။

''ရင်းနှီးမြှုပ်နှံမှုအတွက် ပစ္စည်းခတွေကုန်ပေမဲ့ အားသာချက်က
လူအများကြီးကိုတစ်ချိန်တည်းမှာ စာသင်ကြားပေးနိုင်မယ်''ဟုဆရာတော်ဦးနာယကက မိန့်ကြားသည်။

အဆိုပါစီမံကိန်းအတွက် ရှေ့ပြေးအစီအစဉ်ကို ဘုန်းတော်ကြီးသင် ကျောင်း ငါးကျောင်းတွင်
လွန်ခဲ့သည့် ငါးလကတည်းက စမ်းသပ်လုပ်ဆောင်လျက်ရှိပြီး ယခုနှစ် သြဂုတ်လတွင် ကျောင်းပေါင်း
၂ဝ အထိ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်၊ မွန်၊ ကချင်၊
ရှမ်းပြည်နယ်နှင့် တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊
စစ်ကိုင်း၊ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဘုန်းတော်ကြီးသင်ကျောင်းပေါင်း ၄ဝ အထိ
တိုးချဲ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းဟာ ကလေးတွေရဲ့အနာဂတ်နဲ့ သူတို့ရဲ့လူမှုဘဝအခြေအနေတွေကို ပြောင်းလဲသွားအောင်
ဆက်သွယ်ရေးကောင်းမွန်မှုအပေါ် အကျိုးရှိစွာ အသုံးချခြင်းဖြစ်တယ်''ဟု တယ်လီနောမြန်မာမှ
ံနေိ သ် ကြျငညနျျ ှကျအငေညဘေငူငအပ ဦးမင်းသူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး