အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ဝေဒနာရှင်များအတွက် စောင့်ရှောက်ရေး ဂေဟာ ထပ်မံတည်ဆောက်မည်

အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ဝေဒနာရှင်များအတွက် စောင့်ရှောက်ရေး ဂေဟာ ထပ်မံတည်ဆောက်မည်

အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် ဝေဒနာရှင်များအတွက် ပြုစုစောင့်ရှောက်ရေး ဂေဟာ တစ်ခုကိုလာမည့်နှစ်
အတွင်းဖွင့်လှစ်ရန် ကြိုးပမ်းသွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် မင်္ဂလာတောင်
ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

သုံးထပ် အဆောက်အအုံအဖြစ် ဆောက်လုပ်မည့် အဆိုပါဂေဟာကို မေတ္တာရှင်ဆရာတော်အရှင်
ဇဝနကမြေ နေရာမတည်ပေးထားပြီး အရှေ့ဒဂုံ (၆)ရပ်ကွက်တွင် ယခုလအတွင်း စတင် ဆောက်
လုပ်မည်ဖြစ်သည်။

အဆိုပါ ဂေဟာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လက်ရှိစောင့်ရှောက်မှု ပေးနေသည့်လူနာများကို
တစ်စုတစည်းတည်း ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်နှင့် လူနာများ တိုးချဲ့လက်ခံသွားနိုင်ရန်ရည်ရွယ်
သည်ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

"ဂေဟာကိုလာတဲ့ လူနာတွေက တစ်နေ့တခြား ပိုများလာပြီးထားစရာ နေရာအခက်အခဲဖြစ်လာပါ
တယ်"ဟု ၎င်းက ပြောသည်။

၎င်း၏ အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး ဂေဟာတွင်၂၀၁၀ ပြည့်နှစ်က
လူနာ ၈၀ ရှိခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ၂၀၀ ကျော် ခန့် ရှိလာခဲ့ပြီး ယခုအခါလူနာ ၃၀၀ ခန့် ရှိနေသည်။

နေရာအခက်အခဲကြောင့် လူနာများကို တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ်တို့တွင် ခွဲ၍ထားရသည်ဟု
၎င်းက ပြောသည်။

"လူနာတွေကို နှစ်နေရာခွဲထားတာထက် တစ်နေရာတည်းမှာဆိုတော့ စောင့်ရှောက်မှုလည်းပိုပြီး
ပေးနိုင်မယ်" ဟု ၎င်းက ပြောသည်။

ဂေဟာ ဆောက်လုပ်ပြီးပါက လူနာများ တိုးချဲ့လက်ခံသွားနိုင်မည်ဖြစ်ကာ လက်ရှိဆောင်ရွက်နေ
သော ကာကွယ်ရေး၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများအပြင် အိပ်ချ်အိုင်ဗီဆိုင်ရာ ပညာပေးလုပ်ငန်း
များ၊ ဝေဒနာရှင်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တိုးချဲ့ဆောင် ရွက်နိုင်မည်ဟု ၎င်းက ပြော
သည်။

"ကျွန်မတို့မှာ အဓိကအခက်အခဲက လူနာတွေအတွက် နေစရာပါပဲ။ လူနာ တွေထားဖို့ အဆင်ပြေ
သွားပြီဆိုရင် အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်နဲ့ ပတ်သက်တဲ့တခြားလုပ်ငန်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာ
နဲ့တိုးချဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းမှာပါ"ဟု ၎င်းက ပြောသည်။

ဂေဟာဆောက်လုပ်ရန် အကြမ်းဖျင်း ကျပ်သိန်း ၃,၀၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ရန်ပုံငွေ ရှာဖွေရေး
နှင့် ဂေဟာဆောက်လုပ်ရေးအတွက် ကော်မတီ တစ်ရပ်ဖွဲ့စည်းထားသည်။

အဆိုပါ ကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယကများ
ဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်တို့အပြင် မေတ္တာရှင်ဆရာတော် အရှင်ဇဝနနှင့် အနုပညာရှင်များ
ပါ၀င်ဖွဲ့စည်းထားသည်။

ဂေဟာ တည်ဆောက်ရာတွင် အလှူငွေ ထည့်ဝင်လိုသူများသည် အဆိုပါကော်မတီသို့လည်း
ကောင်း၊ ဒေါ်ဖြူဖြူသင်း၏ အိပ်ချ်အိုင်ဗီ အေ့ဒ်စ် ကာကွယ်ရေးနှင့် ပြုစုစောင့် ရှောက်ရေးဂေဟာသို့
လည်းကောင်း တိုက်ရိုက်လှူဒါန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး