ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခြင်း ၂၁ နှစ်မြောက် အထိမ်းအမှတ်ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခြင်း ၂၁ နှစ်မြောက် အထိမ်းအမှတ်ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိခြင်း ၂၁ နှစ်မြောက်နှင့် ထောက်ခံဆန္ဒပြခဲ့
သော ကျောင်းသားလူငယ်များ (10D) ၏ အမှတ်တရအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ က
ရန်ကုန်မြို့၊ ပြည်လမ်း ယုဒသာန် ရိပ်သာတွင် ကျင်းပခဲ့ရာ လူ ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

ထိုအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်င်အယ်လ်ဒီ) နာယက ဦးတင်ဦး၊ ဦးဝင်းတင်
နှင့် ၀ါရင့် နိုင်ငံရေးသမားများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ၈၈ ကျောင်း
သားများ၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တို့အပြင် အခြားသော နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြ
သည်။

အခမ်းအနားတွင် နိုဗယ်ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ 10D က သဘောထား ကြေညာချက်တစ်စောင်
ထုတ်ပြန်ခဲ့ရာ ထိုကြေညာချက်တွင် ၎င်းတို့သည် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့ မြန်မာ ဒီမိုက
ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုပေးအပ်မည့်နေ့တွင်
နေအိမ်အတွင်း အကျဉ်းချခံထားရခြင်းမှ လွှတ်ပေးရန်၊ ဖမ်းဆီးခံကျောင်းသားများ အပါအဝင်၊ နိုင်ငံ
ရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန်၊ စစ်အစိုးရ ပြုတ်ကျရန် စသည့်တောင်းဆိုချက်များ ဖြင့်
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ်နှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတို့တွင်
ဆန္ဒပြလှုပ်ရှားခဲ့သော ကျောင်းသားလူငယ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် (10D) တွင် ပါ၀င်သူများမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် ပါ၀င်ခဲ့သဖြင့် အများစု
မှာ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းချခံရဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြ
ကြောင်းလည်း ဖော်ပြထားသည်။

၎င်းတို့အဖွဲ့မှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း
စုကြည်အား ဂုဏ်ပြု ထောက်ခံခဲ့သော အင်အားစု ဖြစ်သည့် အားလျော်စွာ ဒေါ်အောင်ဆန်းစုကြည်
ကြိုးပမ်းအကောင်အထည်ဖော် နေသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်း
များကို ၀ုိင်းရံကူညီဆောင်ရွက်သွားမည်ဟု ဆိုသည်။

"တိုင်းပြည် အပြောင်းအလဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်း ချင်တယ်။ အနှစ်(၂၀) မြောက်
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သူလည်း
အရမ်းအလုပ်များလို့ မတက်ရောက်နိုင်ပါဘူး။ ကျွန်တော်တို့က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရတာကို
ထောက်ခံကတည်းက တိုင်းပြည်အပြောင်းအလဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်းချင်တယ်။
တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သား စိတ်ချမ်းမြေ့စွာနဲ့ ၀မ်းစာကိုရှာနိုင်ဖို့ နိုင်ငံရေးပြဿနာ တွေကို
ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ ဒီရည်ရွယ်ချက်နဲ့ ထောက်ခံဆန္ဒပြခဲ့ကြတာပါ" ဟု 10D အဖွဲ့တွင်
ပါ၀င်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့နောက် နိုဗယ်ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ (10D) မှ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်
တင်ပြရာတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသား
ရေးပြဿနာများ ဖြေရှင်းရာတွင် အမျိုးသားရေး သဘောတူညီချက် (National Consensus) အစ
ပျိုးမှုရှိမှ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး (National Reconciliation)
အမြန်ဆုံး ပေါ်ထွန်းဖြေရှင်းနိုင်မည်ဟု ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေနှင့်လည်း တိုင်းပြည်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးရှိမှ ငြိမ်းချမ်းသော လူ့
ဘောင်ကို ဆက်လက်လျှောက်လှမ်းနိုင်မည်ဟု အလေးအနက်ယုံကြည်ကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး