မေလ ဒုတိယပတ်အတွင်း မုတ်သုံ ၀င်ရောက်နိုင်

မေလ ဒုတိယပတ်အတွင်း မုတ်သုံ ၀င်ရောက်နိုင်

အနောက်တောင်မုတ်သုံလေသည် မေလ ဒုတိယ ၁၀ ရက်ပတ်အတွင်း စတင်ဝင်ရောက်နိုင်ပြီး
မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ အသီးသီး ၀င်ရောက်နိုင်ကြောင်း
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

အနောက်တောင်မုတ်သုံလေသည် မေ ၁၅ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း
ဒေသများသို့လည်းကောင်း၊ မေ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများသို့
လည်းကောင်း၊ မေ ၂၆ ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းသို့ လည်းကောင်း၊
မေ ၃၁ ရက်မှ ဇွန် ၄ ရက် အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း
၀င်ရောက်နိုင်ကြောင်း မိုး/ဇလ က သတင်းထုတ်ပြန်ထားသည်။

"မိုးဦးကာလမှာ မုတ်သုံလေအင်အားက အသင့်အတင့်ကနေ အားကောင်းနေနိုင်ပါတယ်။ လက်ရှိ
ခန့်မှန်းချက်အရ မိုးဦးကာလနဲ့ မိုးလယ်ကာလတွေမှာ ပြည်နယ်တိုင်းအချို့ အထူးသဖြင့် တောင်ပိုင်းနဲ့
မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရွာသွန်းမြဲထက် မိုးပိုရနိုင်ပါတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ယမန်နေ့တွင် ပြောသည်။

မုန်သုံမဝင်မချင်း ဘင်္ဂလားပင်လယ်အော်တွင် ဖွဲ့စည်းလေ့ရှိသည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့
ဦးတည်နိုင်ခြေများရှိသည့်အတွက် သတိပြုရန်လိုအပ်ပြီး၊ မေလအတွင်း နေ့အပူချိန်မြင့်တက်နိုင်ပြီး
လေထုမတည်ငြိမ်မှုများနှင့် မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ မိုးလေဝသ
အခြေအနေများကို သတိပြုရန်လိုအပ်သည်ဟု မိုးဇလဌာနက သတိပေးထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး