ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေး သက်သေခံကတ် ပြန််လည်ကိုင်ဆောင်သူ ထောင်ဂဏန်းသာရှိ

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေး သက်သေခံကတ် ပြန််လည်ကိုင်ဆောင်သူ ထောင်ဂဏန်းသာရှိ

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသား စိစစ်ခံရမည့်
သူများကို သက်သေခံကတ်ပြား National Verification Card (NVC) စိစစ်ထုတ်ပေးခြင်း လုပ်ငန်းများ
ဆောင်ရွက်ခဲ့ရာ ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံသူ လေးသိန်းနီးပါး ရှိသော်လည်း
သက်သေခံကတ်ပြား (NVC) ပြန်လည်ကိုင်ဆောင်သူ ဦးရေမှှာ ရ,၅၀၀ ကျော်သာရှိကြောင်း
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေက ပြောသည်။

"ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံသူ ၃၉၇,၄၉၇ ဦး ရှိတဲ့အနက်
(NVC) ကတ် ပြန်လည် ကိုင်ဆောင်သူဦးရေမှာ ရ,၅၄၈ ဦးသာရှိသဖြင့် (NVC) ကတ်ကိုင်ဆောင်မှု
အားနည်းနေကြောင်း တွေ့ရှိရပါတယ်" ဟု နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယခုလ
၂ ရက်က ပြုလုပ်သည့်အစိုးရ၏ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်
သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

နိုင်ငံသားစိစစ်ရေးနှင့် သက်သေခံကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ရခိုင်ပြည်နယ် အပါအဝင်
တစ်နိုင်ငံလုံးတွင် ၂၀၁၅ ခုနှစ်၊ ဇွန်လက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံသား စိစစ်ခံရမည့်
သူများအတွက် ထုတ်ပေးသည့် သက်သေခံ ကတ်ပြား ကိုင်ဆောင်မှုနည်းခြင်းသည် ပြည်တွင်း ပြည်ပ
ပယောဂများကြောင့်ဟု အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း (NVC) ကတ် စိစစ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်
နိုင်ငံတော်သမ္မတရုံးက ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံ သားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား
(NVC) စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်
ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက
သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့် စိစစ်နိုင်ခြင်း မရှိသေးသည့် ပြည်သူများ
အတွက် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအဖြစ် ယာယီသက်သေခံအဖြူရောင်ကတ် (White Card)
ထုတ်ပေးခြင်းကို ၁၉၉၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်
အပါအဝင် တစ်နိုင်ငံလုံးတွင် အဖြူရောင်ကတ် ထုတ်ပေးခဲ့သူဦးရေ ရ၅၉,၆၇၂ ဦးရှိခဲ့ကြောင်း
၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ယာယီ သက်သေခံလက်မှတ်
ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်အပ်နှံစေခဲ့ရာ အပ်နှံခဲ့သူ ၄၆၉,၁၈၃ ဦး ရှိခဲ့သည်ဟု
ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်၊
ဇွန် ၁ ရက်ကမှ ယခုနှစ် မတ် ၃၁ ရက်အထိ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်သူ
၃၅,၉၄၂ ဦး ရှိသည်။

အစိုးရသစ်လက်ထက်အတွင်း နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် နိုင်ငံသား
၁၀၇ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၄၂၆ ဦး၊ နိုင်ငံသားပြုခွင့်ရသူ၏ အသက် ၁၈ နှစ်အောက် သား၊ သမီး
၂၉၆ ဦး၊ ၁၈ နှစ် အထက် သား၊ သမီး ၄၆ ဦး စုစုပေါင်း ၈၇၅ ဦး ကို အသိအမှတ်ပြုကတ်များ
ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်သည်။

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် လက်မှတ် တစ်မျိုးမျိုးရရှိစေရန်
သစ္စာစီမံချက်ဖြင့် ဖြေလျှော့မှုနည်းလမ်းများ အသုံးပြု ဆောင် ရွက်ခဲ့ရာ တစ်နှစ်တာကာလအတွင်း
အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၆၂,၂၈၅ ဦး၊ အသက် ၁၈ နှစ်ပြည့်
နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၅၂,၁၀၇ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား
လဲလှယ်သူ ၂၁၀,၉၀၆ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ  ၄၀၀,၈၇၀ ဦးနှင့် ၂,၉၆၅ ဦးကို
အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးနိုင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး