ကျောက်တော်မြို့နယ်တွင် ဂျပန်ခေတ်လက်ကျန် အမြှောက်ဆံ ၁၀ လုံး တွေ့ရှိ

ကျောက်တော်မြို့နယ်တွင် ဂျပန်ခေတ်လက်ကျန် အမြှောက်ဆံ ၁၀ လုံး တွေ့ရှိ

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာအုပ်စု ဇီးချောင်းဆည်နှင့်
ကိုက် ၃၀၀ ခန့် အကွာ၊ ကျောက်တော်-ပလက်ဝ ကားလမ်းဘေးတွင်မေလ ၄ ရက်နေ့
နံနက်ပိုင်းကဂျပန်ခေတ်လက်ကျန် အမြှောက် ၁၀ လုံး တွေ့ရှိခဲ့ကြောင်း သရက်တစ်ပင်
နယ်မြေရဲစခန်းမှူး ဒုရဲအုပ် နေကိုထွန်းက ပြောသည်။

“အမြှောက်ဆံတွေကတော့ စနက်တံဖြုတ်ပြီးသားဖြစ်လို့ အန္တရာယ်မရှိပေမယ့် အထဲမှာ
ယမ်းတွေတော့ ကျန်နေသေးတယ်။ ထိပ်ဖူးမပါတော့ ပစ်လို့တော့မရဘူးပေါ့”ဟု ဒုရဲအုပ်
နေကိုထွန်းကဆိုသည်။

အဆိုပါ အမြှောက်ဆံများကိုစပါးထားကျေးရွာမှ ဦးကျော်ဝင်းမောင်နှင့် မောင်နေဝင်းအောင်တို့
သားအဖနှစ်ဦး ငါးရှဉ့်သွားထိုးစဉ် ရွှံ့နွံအောက်မှတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမြှောက်ဆံများမှာ
အရှည် ၁ ပေ၊ လုံးပတ် ၉ လက်မ၊ အချင်း ၃ လက်မခန့်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ယင်း အမြှောက်ဆံတွေ့ရှိရာသို့ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ပြီး နေ့လည်ပိုင်းတွင်
တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း
နယ်မြေရဲစခန်းမှူး၏ ပြောပြချက်အရသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး