မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အတွက် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ ပိုမိုရရှိလာစေရန်
အတွက် ရည်ရွယ်သော မြန်မာ့လူ့အခွင့်အရေးဥပဒေမူကြမ်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သို့
တင်ပြထားပြီး ၎င်း၏သဘောတူညီမှုကို စောင့်ဆိုင်းနေကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မ
ရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာ လ ၁၀ ရက်နေ့က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ လူ့အခွင့်အရေးတွေ ကာကွယ်ပေးမှုတွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက်
လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်လပ်လုပ်ကိုင်နိုင်ဖို့လိုပါတယ်"ဟု ဦးဝင်းမြက ပြောသည်။
နိုင်ငံတော်သမ္မတထံမှ သဘောတူညီမှုရရှိပြီးနောက်လွှတ်တော်သို့ တင်ပြဆွေးနွေးပြီးမှ ဥပဒေအဖြစ်
ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာလူ့အခွင့်အရေးကော်မရှင်မှာ နိုင်ငံတော်သမ္မတ၏ အမိန့်အာဏာနှင့် ဖွဲ့စည်းထားသည့်အ
တွက် လွှတ်တော်မတိုင်မီသမ္မထံသို့ဦးစွာ တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဒါပေမယ့် လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာ လုပ်ထုံး လုပ်နည်းတွေအရ
ဆိုရင် လွှတ်တော်က ဥပဒေတစ်ခုပြဋ္ဌာန်းပြီး ဖွဲ့စည်းပေးရတယ်။ ဒါမှကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့်တွေ
ဟာတိ တိကျကျပြတ်ပြတ်သားသား ဖြစ်ပြီး ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ လွတ်လွတ်လပ်လပ်
ဆောင်ရွက် နိုင်တဲ့ အနေအထားဖြစ်မယ်"ဟု ဦးဝင်းမြက ပြောသည်။
ဥပေဒမူကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီး ပါကလက်ရှိတွင်အဖွဲ့ဝင် ၁၅ ယောက် နှင့် ဖွဲ့စည်းထားသော
ကော်မရှင်၏ ဖွဲ့စည်းသည့်ပုံစံနှင့် အဖွဲ့ဝင်များလည်း ပြောင်းလဲသွားနိုင်ခြေရှိကြောင်းနှင့် ထိုအတွက်
စိစစ်ရွေးချယ်ရေးအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အရင်လူတွေက လုပ်ထုံးလုပ်နည်း နဲ့ လုပ်ငန်းကျွမ်းကျင်လို့ဆိုပြီး ပြန်ပါလာ နိုင်သလိုအသစ်တွေ
လည်း ရွေးချယ်ခန့်အပ်နိုင်ပါတယ်။ သူတို့ အကြံုပြုတဲ့ အတိုင်း ဆောင်ရွက်သွားမှာပါ။
"လွတ်လွတ်လပ်လပ်ဆောင်ရွက် တော့မယ်ဆိုရင် civilsociety (လူမှုအဖွဲ့အစည်းတွေ)ရဲ့အရေးပါ
တဲ့အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။
"ပြန်ဖွဲ့စည်းတဲ့အခါမှ ပုံစံလေးက တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်တဲ့အနေ အထားရှိပါတယ်"ဟု
ဦးဝင်းမြက ပြောသည်။
တင်ပြထားသောဥပဒေမူကြမ်းအား နိုင်ငံတော်သမ္မတထံမှဆုံးဖြတ်ချက် အမြန်ဆုံး မျှော်လင့်နေ
ကြောင်းလည်း ၎င်းက ပြောသည်။
"သူစိတ်ကျေနပ်တဲ့အခါ ကျလာမှပါ။ ကျွန်တော်တို့အမြန်ဆုံးဖြစ်လာဖို့ စောင့်နေပါတယ်"ဟု ၎င်းက
၊ပြောသည်။















