အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့်
ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်များအပေါ် ဓမ္မနှင့်အဓမ္မကို ခွဲခြားကြေညာပေးရန်
နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ထံ တင်ပြတောင်းဆိုထားသော်လည်း
အထောက်အထား မခိုင်လုံသဖြင့်ဆုံးဖြတ်ပေးရန် ခက်ခဲနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု
ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ညွှန်ကြာေးရးမှူး (ဝိနိစ္ဆယရေးရာ) ဦးထွန်းညွှန့်က ပြောသည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့်
ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်များအပေါ် ဓမ္မနှင့်အဓမ္မကို ခွဲခြားကြေညာပေးရန်
နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ထံ တင်ပြတောင်းဆိုထားသော်လည်း အထောက်
အထား မခိုင်လုံသဖြင့်ဆုံးဖြတ်ပေးရန် ခက်ခဲနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု
ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ညွှန်ကြာေးရးမှူး (ဝိနိစ္ဆယရေးရာ) ဦးထွန်းညွှန့်က
ပြောသည်။
''ဆရာတော်တွေထံ စာတင်ထားတယ်။ ဓမ္မ၊ အဓမ္မကတော့ အသုံးအနူန်းက နည်းနည်းလွန်နေ
သလားပေါ့။ အဲဒီအစား တရားဝင်သလား မဝင်သလား။ ဘယ်လို ဆိုလိုသလဲတော့ မသိဘူး။
ဒါကိုဆုံးဖြတ်ဖို့ဆိုရင် သူဟောတဲ့အချက်လက်တွေကို ခိုင်ခိုင်မာမာနဲ့ တင်ပြမှ ဓမ္မလား၊
အဓမ္မလားဆိုတာ ဆရာတော်တွေက ဆုံးဖြတ်ပေးနိုင်မယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဟောပြော
တာတွေကို အထောက်မထားမပါဘဲနဲ့တော့ ဆုံးဖြတ်ရခက်တယ်။ ဆရာတော်တွေလည်း
ဆုံးဖြတ်ရခက်နေတယ်။ အခုချိန်ထိတော့ ဘာမှ ဆုံးဖြတ်မထားသေးဘူး'' ဟု ၄င်းက
ပြောသည်။
ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဓမ္မနှင့်အဓမ္မကို
ခွဲခြားကြေညာပေးရန် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများက လက်မှတ်ပေါင်း
၅ဝဝ ကောက်ခံကာ ဧပြီ ၁၁ ရက်တွင် ကမ္ဘာအေးရှိ သာသနာရေးဦးစီးဌာန၊ သာသနာ့ဝိနိစ္ဆယ
ဌာနရုံးတွင် တောင်းဆိုခဲ့သည်။
ထိုသို့ တင်ပြတောင်းဆိုထားသည်မှာ တစ်လနီးပါးခန့် ကြာမြင့်သော်လည်း ထူးခြားမှု မရှိသေးကြောင်း၊
ဦးဝီရသူနှင့် အပေါင်းအပါများကို အဓမ္မဝါဒီအဖြစ် သတ်မှတ်ကြောင်း အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ
ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က မေ ၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌
ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် အဓမ္မဝါဒီ ကြီးစိုးမှုနှင့်အတူ တိုင်းပြည်အတွင်း
မတည်မငြိမ်ဖြစ်အောင် ဘာသာရေးသွေးထိုးလှုံဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ဘာသာစွဲ၊
လူမျိုးစွဲနှင့် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု ပြုလုပ်ဖြန့်ဝေနေသော အဖွဲ့အစည်းသည် ပိုမိုခိုင်မာ
အားကောင်း လာသည့်အတွက် အားလုံးစုပေါင်းတားဆီးရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
ဆရာတော်ဦးဝီရသူနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆုံးဖြတ်ချက်
အပိုဒ်(ခ)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားပြီး
လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားရာ
''သက်ဆိုင်တဲ့ အစိုးရက အရေးမယူရဲတာလား၊ အရေးမယူတာလားဆိုတာကို တိတိကျကျ
မေးခွန်းထုတ်ရပါလိမ့်မယ်'' ဟု ကိုမြတ်ကျော်က ပြောသည်။















