ယခုလကုန်ပိုင်းအထိ မိုးကြိုးနှင့် လေပြင်းအန္တရာယ် ဆက်လက် သတိပြုရန်လို

ယခုလကုန်ပိုင်းအထိ မိုးကြိုးနှင့် လေပြင်းအန္တရာယ် ဆက်လက် သတိပြုရန်လို

မုတ်သုံမဝင်မီကာလအတွင်း လေထုမတည်ငြိမ်မှုကြောင့် မိုးတိမ်တောင်များဖြစ်ပေါ်ကာ မွန်းလွဲပိုင်းနှင့်
ညနေပိုင်းအချိန်များတွင် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးသည်းထန်ခြင်း၊
မိုးသီးကြွေခြင်းများ ဖြစ်ပေါ်တတ်ပြီး မေလကုန်ပိုင်းအထိ မိုးတိမ်တောင်အန္တရာယ်ကို သတိပြုရန်
လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက
ပြောသည်။

"မုတ်သုံဝင်ခါနီးကာလတွေမှာ မြန်မာနိုင်ငံ အနေနဲ့ ဒေသအနှံ့အပြားမှာ လေထုမတည်ငြိမ်မှု
အများဆုံးဖြစ်တဲ့အချိန် ဖြစ်တဲ့အတွက် အားကောင်းတဲ့ မိုးတိမ်တောင်တွေက မွန်းလွဲပိုင်းနဲ့
ညနေပိုင်းမှာ အဖြစ်များပါတယ်။ မိုးတိမ်တောင်တွေ အားကောင်းတဲ့အဆင့် ရောက်ပြီဆိုတာကို
မိုးခြိမ်းသံကြားရင် သိနိုင်ပါတယ်"ဟု ၎င်းက မေ ၉ ရက်တွင် ပြောသည်။

မတ်လမှ မေလပထမပတ်အထိ လေပြင်းတိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည့် ပြည်နယ်နှင့်
တိုင်းဒေသကြီး ၁၄ ခုတွင် သေဆုံးသူ ၁၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ပြီး လေဘေးသင့်သူ
၁၆,၀၀၀ ကျော်ရှိကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူက
မေ ၉ ရက်တွင် ပြောသည်။

အဆိုပါဒေသများတွင် လုံးဝပျက်စီးသည့် အိမ်အရေအတွက် ရ၇၁ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်
အိမ် ရ,၀၀၀ နီးပါးရှိခဲ့ပြီး ဘာသာရေးအဆောက်အုံ ၁၂၀ ၀န်းကျင်ခန့် ထိခိုက်ပျက်စီးခဲ့သည်။

ဦးစီးဌာန၏ အဆိုအရ ကချင်၊ ကယား၊ ရခိုင်၊ မကွေး၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ စသည့်
ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် နေပြည်တော်တို့တွင် ဧပြီမှ မေ ၉ ရက်အထိ မိုးကြိုးအန္တရာယ်ကြောင့်
လူ ၂၃ ဦး သေဆုံးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး