သတင်းတို

သတင်းတို

 ထေရဝါဒဓမ္မကွန်ရက် စာစောင် စတင်ထွက်ရှိမည်

ထေရဝါဒဓမ္မမော်ကွန်း ဘာသာရေး စာစောင် ဒီဇင်ဘာလဒုတိယပတ်တွင် စတင်ထွက်ရှိမည်ဖြစ်
သည်။

စာစောင်တွင် မျက်မှောက်ခေတ် ကာလဖြစ်ပွားနေသော သာသနာရေး၊ ဘာသာရေး အခြေအနေ
များ နှင့် ဓမ္မဆောင်းပါးကောက်နုတ်ချက်များ၊ ဓမ္မ-အဓမ္မအငြင်းပွားမှုများတွင် ဝေဖန်တိုက်ခိုက်ခြင်း
ထက် သတိပေးဆွေးနွေးစိစစ်ချက်များ၊ ပါ၀င်မည်ဖြစ်သည်။

စာစောင်အား ထေရဝါဒ ဓမ္မကွန်ရက်မှ ထုတ်ဝေ ဖြန့်ချိပြီး လစဉ်ထွက်ရှိမည်ဖြစ်သည်။

ရွှေကူသစ္စာ


အမေရိကန် MBA ပြည်တွင်း၌ ဖွင့်လှစ်သင်ကြား

အမေရိကန်ရှိ Silicon Valley Inter-antional University နှင့် SR Inter-national Colledge တို့
ပူးပေါင်းကာ MBA Program ကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။

ယင်းသင်တန်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး၊ ရုံးပိတ် ရက်စနေနှင့်
တနင်္ဂနွေနေ့များတွင် သင်ကြားမည် ဖြစ်သည်။

၎င်းအပြင် Silicon Valley University ၌ သင်ကြားရသော ကျောင်းစရိတ်ထက် ထက်ဝက်ခန့်သက်
သာမည်ဟု SR Education မှ ကိုကျော်ဝမ်းမှ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှှ ၀ါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးမည်ဖြစ်ပြီး၊ သင်ကြားပုံကို
Social Net-working Activity များ၊ Discussion Group များဖြင့် ဖွဲ့စည်းသင်ကြားပေးမည်ဖြစ်ပြီး၊
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၃၇၄၇၄၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ယွန်းနှင်း



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး