မသန်စွမ်းသူများ အလုပ်အကိုင်ရှားပါးမှုကြောင့် တိုင်းပြည်အတွက်၊ဒေါ်လာသန်းပေါင်းများစွာဆုံးရှုံး

မသန်စွမ်းသူများ အလုပ်အကိုင်ရှားပါးမှုကြောင့် တိုင်းပြည်အတွက်၊ဒေါ်လာသန်းပေါင်းများစွာဆုံးရှုံး

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အလုပ်လက်မဲ့ဖြစ်ပွားမှုကြောင့် နိုင်ငံ၏ စုစုပေါင်းပြည်တွင်း
ထုတ်ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ဆုံးရှုံးလျက်ရှိသည်။

နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်သည့် လူမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့ (Socail
Policy and  Poverty Research Group) မှ သုတေသနဌာန ညွှန်ကြားရေးမှူး Dr.Mike
Graffiths က ပြောသည်။

ထိုသို့တွက်ချက်မှုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)က နိုင်ငံတကာတွင်
တွက်ချက်သည့် နည်းစနစ်များအတိုင်းခန့်မှန်း တွက်ချက်ထားခြင်းဖြစ်သည်။

"ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ မသန်စွမ်းတွေ အလုပ်လုပ်ကိုင်နိုင်တဲ့၊ အတားအဆီးကင်းမဲ့
တဲ့ အလုပ်ရုံ တွေလည်း မဖန်တီးနိုင်ဘူး။ နောက်ပြီး ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ သူတို့တွေအတွက်
အစိုးရက ဥပဒေ ပေါ်လစီတွေလည်း မရှိဘူး" ဟု ၎င်းက ဒီဇင်ဘာလ ရ ရက်နေ့တွင် ပြုလုပ်ကျင်းပ
ခဲ့သည့် မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွင် ပြောသည်။

ထို့ကြောင့် နိုင်ငံ၏ လုပ်သားအင်အားများ ဆုံရှုံးရပြီး စီးပွားရေးကဏ္ဍတွင် ထိခိုက်မှုနှင့်အတူ နိုင်ငံ၏
ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည်ဟု Dr.Mike Graffiths က ပြောသည်။

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် မသန်စွမ်းမှုဆိုင်ရာ စစ်တမ်းအရ တစ် နိုင်ငံလုံး၌ မသန်စွမ်းသူ ၈၅
ရာခိုင်နှုန်းမှာ အလုပ်အကိုင်ကင်းမဲ့လျက်ရှိနေ ကြောင်း ဖော်ပြထားသည်။

"အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံ တွေလိုပဲ မြန်မာနိုင်ငံကလူတွေက မသန်စွမ်းတဲ့သူတွေအပေါ်
အလှူအတန်း ပေးတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် အလှူအတန်းပေးတာဟာ မသန်စွမ်းသူ
တွေရဲ့ရေရှည်ဘဝတစ်သက်လုံးခိုင်မာ အောင် လုပ်ပေးလို့မရပါဘူး"ဟု  က ပြောသည်။

"နောက်ပြီး အစိုးရကပဲဖြစ်ဖြစ်၊ သာမာန်လူတွေကပဲဖြစ်ဖြစ် သူတို့အပေါ် ခွဲခြားဆက်ဆံမှု အဆင့်
အတန်း အမျိုးမျိုးကလည်းရှိနေပါသေးတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁၃ သန်းရှိသည်ဟု တွက်ချက်ထားပြီး၊ မသန်စွမ်းသူများမှာ
အခြားသူများနှင့် နှိုင်းယှဉ်ပါက ပိုမိုဆင်းရဲနွမ်းပါးခြင်း၊ အတတ်ပညာတတ်မြောက်မှုနိမ့်ပါး ခြင်း၊
အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ နိမ့်ပါးသောဘဝတွင် နေ ထိုင်ရခြင်း၊ မြေယာပိုင်ဆိုင်မှု
နည်း ခြင်း၊ ချိန်ခါမတိုင်မီ ဆုံးပါးရခြင်း၊ စာနပ်ရိက္ခာ မလုံလောက်ခြင်း၊ အများပြည်သူ နှင့်ဆိုင်သော
နေရာများတွင် ဖယ်ကြဉ်ခံရခြင်း စသည့် ရပိုင်ခွင့်နှင့် ဆုံးရှုံးနစ်နာမှုများကြုံတွေ့ရသည်ဟု လူမှုရေး
ဆိုင်ရာသုတေသန လုပ်ဆောင်မှုအဖွဲ့၏ သုတေသနတွင် ဖော်ပြထားသည်။

"ဒါကြောင့် လူတွေက မသန်စွမ်းတဲ့ သူတွေရဲ့ အားနည်းချက်ကို မကြည့်ဘဲ အားသာချက်တွေကို
ကြည့်ပြီး ကူညီ ပေးစေလိုပါတယ်"ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုး
က ပြောသည်။

"လူတွေကထင်ကြတယ်။ မသန်စွမ်း တွေအတွက် ကျန်းမာရေး၊ ပညာရေးသည်သာ အဓိကကျ
တယ်လို့။ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်းတီးပေးနိုင်ဖို့ အရေးပါပါတယ်။
ဘာကြောင့်လဲဆိုတော့ မသန်စွမ်းဖြစ်လို့ ဆင်းရဲတဲ့ အိမ်ထောင်စုက သာမန်လူတွေထက် စီးပွားရေး
အရ နှစ်ဆပို ဆင်းရဲလို့ပါ"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ခံစားခွင့်များနှင့် ပတ်သက်သည့် ကုလသမဂ္ဂ
မသန်စွမ်းသူများ အခွင့်အရေးသဘောတူ စာချုပ် ကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေး ထိုးခဲ့ပြီး
သဘောတူစာချုပ်အရ အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် အတားဆီးကင်းမဲ့သောအလုပ်ရုံ
များ တည်ဆောက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် လိုအပ်သည်ဟု Dr.Mike
Graffiths က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး