တိုင်းနှင့် ပြည်နယ် ခြောက်ခုတွင် ဆေးလိပ်ကင်းစင်နယ်မြေများ သတ်မှတ်ရန် စီစဉ်

တိုင်းနှင့် ပြည်နယ် ခြောက်ခုတွင် ဆေးလိပ်ကင်းစင်နယ်မြေများ သတ်မှတ်ရန် စီစဉ်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် ခြောက်ခုမှ မြို့ကြီးများ၏ အများပြည်သူအသုံးပြုသည့်
နေရာများတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ရန်နိုင်ရန်
စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသန်းစိန်က
မေလ ဒုတိယပါတ်အတွင်းက ပြောသည်။

"အများပြည်သူတွေ အသုံးများတဲ့ နေရာတွေမှာ ဆေးလိပ် ကင်းစင်တဲ့ နယ်မြေအဖြစ် သတ်မှတ်ဖို့
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တာကို တားဆီးဖို့
အတွက်နဲ့၊ ဆေးလိပ်မသောက်ပေမယ့် သောက်တဲ့သူတွေကြောင့် တဆင့်ခံ ရောဂါရနိုင်တာတွေကို
ကာကွယ်ပေးဖို့အတွက်လည်းပါတယ်"ဟု ဒေါက်တာသန်းစိန်က ပြောသည်။

အများပြည်သူရှိသည့် နေရာများတွင် ဆေးလိပ်မသောက်ရနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ရန်
စီစဉ်နေသည့် တိုင်းနှင့် ပြည်နယ် ခြောက်ခုမှာ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြောင်း
သိရသည်။

အဆိုပါ တိုင်းနှင့် ပြည်နယ် ခြောက်ခုအတွင်းရှိ မြို့ကြီးများ၏ အများပြည်သူ ရှိသည့်နေရာများဖြစ်သော
ဆေးရုံ၊ ကျောင်း၊ ဘုရားများတွင် ဆေးလိပ်ကင်းစင်သော နယ်မြေများအဖြစ်ဆောင်ရွက်မည်
ဖြစ်ကြောင်းနှင့် အဆိုပါ အစီအစဉ်ကို တိုင်းနှင့် ပြည်နယ် အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဒေါက်တာသန်းစိန်ထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး