မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးစခန်းများတွင်
၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံခြားသား ၁၁၈ ဦးရှိခဲ့ပြီး ထက်ဝက်ကျော်မှာ
မြန်မာနိုင်ငံသားများဖြစ်သည်ဟု မလေးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
(SUHAKAM ) က ပြီးခဲ့သည့်လတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ သေဆုံးသူများတွင် မြန်မာနိုင်ငံသား ရ၃ ဦး၊ အင်ဒိုနီးရှားလူမျိုး ၂၃ ဦး၊
ဘင်္ဂလားဒေ့ရှ် ၁၄ ဦးစီဖြင့် အများဆုံးပါဝင်ခဲ့သည်ဟု မလေးရှားနိုင်ငံပြည်ထဲဝန်ကြီး
ဌာန၏ လွှတ်တော်အတွင်း ဖြေကြားချက်တစ်ခုကို Malaysiakini အမည်ရှိ သတင်းစာ
တစ်စောင်က ကိုးကားဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားပေါင်း ငါးသိန်းကျော်မှ
ခုနစ်သိန်းအထိရှိသည်ဟု ခန့်မှန်းထားကြပြီး၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း
အတည်ပြုလုပ်ငန်းနှောင့်နှေးမှုကြောင့် ဖမ်းဆီခံမြန်မာများမှ အနည်းဆုံး သုံးလခန့်မှ
အများဆုံး သုံးနှစ်ခန့်အထိ နေထိုင်နေရသည်ဟု ထိန်းသိမ်းရေးစခန်းမှ
လွတ်မြောက်လာသူများနှင့် မလေးအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း
အဖွဲ့များက ပြောကြားထားသည်။















