အမျိုးသားအကျိုးစီးပွားကိုဦးစားပေးသည့်နိုင်ငံအဖြစ် ပုံဖော်သွားရန် ဦးဝင်းမြင့်တိုက်တွန်း

အမျိုးသားအကျိုးစီးပွားကိုဦးစားပေးသည့်နိုင်ငံအဖြစ် ပုံဖော်သွားရန် ဦးဝင်းမြင့်တိုက်တွန်း

နိုင်ငံတကာတွင် နိုင်ငံရေးရည်မှန်းချက်အပြောင်းအလဲများနှင့်အတူ မူဝါဒနှင့်
လုပ်ငန်းစဉ်များ ပြောင်း လဲလာပြီး အမျိုးသားအကျိုးစီးပွားကို အဓိကဦးစားပေး
ဆောင်ရွက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း လိုက်ပါပြောင်းလဲ
တိိုးတက်သည့်နိုင်ငံအဖြစ် ဖန်တီးပုံဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ဥကဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး
စတင်သည့် မေ၁၈ရက်တွင် ပြောကြားခဲ့သည်။

''ကမ္ဘာ့နိုင်ငံများအားလုံးဟာ ၄င်းတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အဓိက
ဦးစားပေးဆောင်ရွ က်ကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့
နေနဲ့လည်း ကမ္ဘာ့အပြောင်းအလဲမှာ လိုက်ပါ ပြောင်းလဲတိုးတက်တဲ့ နိုင်ငံအဖြစ်
ဖန်တီးပုံဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်''ဟု ၄င်းကပြော
ကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ဥပဒေများသည်လည်း ပြောင်းလဲလာသည့်
ခေတ်စနစ်နှင့်အညီလိုက်ပါ ပြောင်းလဲရသောကြောင့် နိုင်ငံရေးမူဝါဒ၊ စီးပွားရေးစနစ်၊
လူမှုရေးဘဝပြောင်းလဲမှုများနှင့်အညီ လိုက်ပါပြော င်းလဲပေးရမည်ဖြစ်ကြောင်း
ဆက်လက်ပြောကြားခဲ့သည်။

ဦးဝင်းမြင့်၏ အမျိုးသားအကျိုးစီးပွားဦးစားပေးနိုင်ငံအဖြစ် ပုံဖော်ဖန်တီးသွားရန်
ပြောကြားချက်အပေါ် ယနေ့တွင် လွှတ်တော်သို့ စတင်တက်ရောက်လာသည့်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ််မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာအေးမောင်
ကလည်း ထောက်ခံပြောကြားခဲ့သည်။ ''အမှန်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ သွားနေတာ
အဲဒါပဲဗျ။ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားဟာ နိုင်ငံတိုင်းက ကာကွယ်နေရတာ။
ကျွန်တော်တို့နိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နေရာမှာရှိနေတယ်။ လစ်ဘရယ်
လိုလို ဟိုလိုလိုလုပ်လို့ မရဘူး''ဟု ၄င်းက မြန်မာတိုင်း(မ်)သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား အမျိုးသားအကျိုးစီးပွားဦးစားပေးနိုင်ငံအဖြစ် ဆောင်ရွက်ရန်လိုအပ်
သောကြောင့် ဥပဒေများကိုလည်း လိုက်လျောညီထွေရှိစေရန် ပြောင်းလဲပေးရမည်ဖြစ်ကြောင်း
ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။ ''ယင်းအပြောင်းအလဲများနဲ့ ညီညွတ်မျှတအောင်
မိမိတို့ကိုယ်တိုင်လည်း ပုံစံကျနေတဲ့အတွေး အခေါ် အလေ့အထတွေကို ပြောင်းလဲခံယူကျင့်
သုံးနိုင်ကြရမှာဖြစ်ပါတယ်''ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးကာလသည် နုနယ််သည့်အခြေအနေတွင်
ရှိနေသေးသောကြောင့် များစွာကြိုးစား အားထုတ်ရဦးမည်ဖြစ်ကြောင်းလည်း
လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ယခု ပဥ္စမပုံမှန်အစည်းအဝေးတွင် ယခင်အစည်းအဝေးက ကျန်ရှိနေခဲ့သော
ဥပဒေကြမ်းဆယ်ခုနှင့် နောက်ထပ်ရောက်လာမည့် ဥပဒေကြမ်းများကို ဆက်လက်
ဆောင်ရွက်ရန်ရှိကြောင်း ဦးဝင်းမြင့်ကပြောသည်။ ထို့အပြင် လွှတ်တော်တွင် ဆွေးနွေး
ရန်ကျန်ရှိသည့် အဆိုသုံးခုနှင့် အဆိုအသစ် ၂၂ခုလည်းရှိနေကြောင်း သိရ သည်။
မေးခွန်းများတွင်လည်း ကြယ်ပွင့်ပြမေးခွန်း ၁၄၁ခုအပါအဝင် စုစုပေါင်း၁၆၄ခုအထိ
ရှိနေသည်ဟုဆိုသည်။

ယနေ့စတင်ကျင်းပသည့် လွှတ်တော်တွင် ပြီးခဲ့သည့်ဧပြီတစ်ရက်နေ့က ကျင်းပခဲ့သော
ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်
ကိုးဦးနှင့် တပ်မတော်က လဲလှယ်အစားထိုးသော လွှတ်တော်ကိုယ်စားလှယ်
တစ်ဆယ့်နှစ်ဦး၊ စုစုပေါင်းနှစ်ဆယ့်တစ်ဦးတို့လည်း ကတိသစ်စာဆိုခဲ့ကြသည်။
အသစ်ဝင်ရောက်လာသော ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ
ဒေါက်တာအေးမောင်က မူ အခြေအနေကိုမူတည်ပြီး စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း
မီဒီယာများကို ပြောကြားခဲ့သည်။ သို့သော်လည်း ဦးဝင်းမြင့်၏ နှုတ်ခွန်းဆက်စကားအရ
တစ်နှစ်တာလုံးကို ပြန်သုံးသပ်ပြီး ကမ္ဘာတွင် အမျိုးသားရေးကို ဦးစားပေး
ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံသည်လည်း ပြန်လည်သုံးသပ်လာသည်ဟု
ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ
ပြည်သူ့လွှတ်တော်ကို ယ်စားလှယ် ဦးအောင်ကြည်သိန်းကလည်း ရွေးကောက်ပွဲအကြို
ပြည်သူများသို့ ပြောကြားထားသည်များကို အ ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း
မီဒီယာများသို့ပြောကြားခဲ့သည်။ ''ရွေးကောက်ပွဲစည်းရုံံးရေးမှာ လ ယ်သမားတွေကို
ကူညီဆောင်ရွက်ပေးမယ်ဆိုပြီး ကျွန်တော်ကတိခံထားတာရှိတယ်။ အဓိကတော့
လယ်သမား တွေအတွက် ဆည်မြောင်း၊ တာတမံကိစ္စ၊ မျိုးစပါးကိစ္စတို့၊ နည်းပညာနဲ့
ပတ်သက်တာတွေမေးဖို့ အစီအစဉ်ရှိ ပါတယ်''ဟု ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး