ဆန်စပါးအခြေခံ စီမံကိန်းလေးခု ဆောင်ရွက်မည်

ဆန်စပါးအခြေခံ စီမံကိန်းလေးခု ဆောင်ရွက်မည်

ဆန်စပါးကို အခြေခံ၍ အစားအသောက်နှင့်စွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းနေရာ (Integrated
Food and Energy Production Complex) ၁၅ ခု အနက်မှ လေးခုအား၂၀၁၅ ခုနှစ် အတွင်း
အပြီးသတ် ဖော်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း
(MAPCO)မှ မန်နေဂျင်းဒါရိုက်တာ (မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်း
ရေးမှူး) ဦးရဲမင်းအောင်က ပြောသည်။

အဆိုပါ စီမံကိန်းနေရာများတွင် ဆန်စပါးအခြေခံသည့် စွမ်းအင်ထုတ်စက်ရုံနှင့် အစားအသောက်
စက်ရုံများ ပါ၀င်မည်ဖြစ်သည်။

"၂၀၂၀ ပြည့်နှစ်မှာတော့ စီမံကိန်း ၁၅ ခုလုံး အပြီးသတ်လုပ်ဆောင်မှာပါ"ဟု ဦးရဲမင်းအောင်က
ပြောသည်။

ဦးစားပေးလုပ်ကိုင်မည့် စီမံကိန်းနေရာများမှာ နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးဒေသများတွင်ဖြစ်ပြီး
စီမံကိန်းတစ်ခု၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်း ၅၀ ခန့် ကုန်ကျမည်
ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး