သာသနာရေးဝန်ကြီး၏ ငွေကြေးစွပ်စွဲမှုများအပေါ် တာဝန်ယူဖြေရှင်းပေးရန် ဦးဝီရသူ တောင်းဆို

သာသနာရေးဝန်ကြီး၏ ငွေကြေးစွပ်စွဲမှုများအပေါ် တာဝန်ယူဖြေရှင်းပေးရန် ဦးဝီရသူ တောင်းဆို

နေပြည်တော်ဆန္ဒပြပွဲနှင့်ဆက်စပ်ပြီးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကို၏ငွေကြေးဆိုင်ရာ စွပ်စွဲပြောကြားချက်များအပေါ် တာဝန်ယူဖြေရှင်းပေးရန် 
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့မှ ဗဟိုဦးဆောင်ဆရာတော် ဦးဝီရသူက
မေလ ၂၄ရက်နေ့တွင် တောင်းဆိုမိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ၄င်း၏ ပြောဆိုတောင်းဆိုချက်များပါဝင်သည့်ဗီဒီယိုဖိုင်ကို၄င်း၏
တရားဝင်ဖေ့ဘွတ်အကောင့်မှတဆင့်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

''ဝန်ကြီးပြောတဲ့ သိန်းထောင်ချီ အကုန်ကျခံပြီး လုပ်တာကိုကြိုက်သလို စာရင်းစစ်လို့
ရပါတယ်။ အဲလို စစ်ပြီးရင်တော့ ဝန်ကြီး ကိုယ့်စကားကိုကိုယ် တာဝန်ယူပါ'' ဟု ဆရာတော်
ဦးဝီရသူက မိန့်ကြားသည်။

ပြီးခဲ့သည့် မေလ ၂ဝရက်နေ့ အမျိုးသားရေးသမားများနေပြည်တော်တွင် လူထောင်ချီကာ
လာရောက်ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ကျပ်ငွေသန်းပေါင်းများစွာ သုံးစွဲခဲ့သည့်အပေါ်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေလ ၂၄
ရက်နေ့တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် မေးခွန်းထုတ်ခဲ့သည်။

ထိုနောက် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများက
အပ်နှံထားသော ငွေကြေးအပ်နှံမှုများအပေါ် သိရှိလိုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့နှင့်
ပုဂ္ဂလိက ဘဏ်များအပေါ် တောင်းဆိုခဲ့ကြောင်း၊ သို့သော် ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
အားနည်းသည့်အတွက် အပြည့်အဝ မသိရှိရကြောင်း၊ ၂ဝ၁၆ ခုနှစ်က စုံစမ်းသိရှိရသော
အတည်မပြုနိုင်သည့် သတင်းပေးချက်များအရ မြန်မာနိုင်ငံတွင် အစွန်းရောက်ဘာသာရေး
အဖွဲ့အစည်းများ လှုပ်ရှားနိုင်ရန်ထောက်ပံ့ငွေ ကျပ် သန်း ၅ ထောင်ခန့် ရှိသည်ကို စုံစမ်း
သိရှိရကြောင်း ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

ထိုစုံးစမ်းမေးမြန်းမှုနှင့်ပက်သက်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည်
ဘဏ်အကောင့်နှစ်ခုသာ ရှိပြီး ဧရာဝတီဘဏ်နှင့် မြဝတီဘဏ်တို့တွင်သာ အပ်နှံထားပြီး စုစုပေါင်း
ငွေကျပ်သိန်း သုံးထောင် မကျော်ကြောင်း၊ ကျပ်သန်းငါးထောင် ဟူသော အခြေအမြစ်မရှိသည့်
ကောလဟလ သတင်းများနှင့် စွပ်စွဲနေခြင်းဖြစ်ကြောင်း ဦးဝီရသူက မိန့်ကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး