မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများပြား

မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများပြား

မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင်
နေအိမ်၊ ကျောင်း၊ အခြား အဆောက်အဦးများနှင့် လျှပ်စစ်ဓါတ်အားလိုင်းများမှ
ဓါတ်တိုင်များပြိုကျပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီး ဌာန၏ ကနဦးစာရင်းများအရ
မေလ ၃၀ ရက်နေ့တွင် သိရသည်။

စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာအဆောက်အဦးများနှင့်ကျောင်းများ အမိုးလန်ခြင်း၊
သစ်ပင်များလဲပြို ခြင်းကြောင့် အနားရှိအဆောက်အဦးများ ပြိုကျပျက်စီးခြင်း၊
ဓါတ်တိုင်များပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရစာရင်းများအရ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊
ရသေ့တောင်၊ ပေါက်တော၊ တောင်ကုတ်၊ ရမ်းဗြဲ၊ကျောက်ဖြူနှင့် သံတွဲမြို့များတွင်
ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အများစုမှာ နေအိမ် များ၊ စာသင်ကျောင်းနှင့်
ဘုန်းတော်ကြီးကျောင်း များ၊ ဆေးရုံများနှင့် ဌာနဆိုင်ရာအဆောက်အဦးများ
အမိုးလန်ခြင်း၊ ပြိုကျ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ကျောက်တော်-ကွမ်းအုံချောင်းသို့
ဆက်သွယ်ထား သော လျှပ်စစ်ဓါတ်အားလိုင်းမှ ဓါတ်တိုင် ၅ တိုင်နှင့် ကြွေသီးများ
ပျက်စီးခဲ့ကြောင်း၊ လမ်းတံတားများအနည်း ငယ်ပျက်စီးခဲ့ပြီး နောက်တိုးစာရင်းများ
အားလည်း ထပ်မံကောက်ယူလျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး