အခြေခံပညာကျောင်း ငါးထောင်ခန့်ကို အဆင့်တိုးမြှင့်မည်
လက်ရှိ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းစုစုပေါင်း ၅,၀၉၉ ကို အဆင့်တိုးမြှင့်ဖွင့်လှစ်မည်
ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မေ ၂၅ ရက်က ကျင်းပသည့်
အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောသည်။
အထက်တန်း ၃၁၂ ကျောင်း၊ အလယ်တန်း ၁,၆၁၂ ကျောင်း၊ မူလတန်း ၈၄၀ ကျောင်း၊
အထက်တန်းကျောင်းခွဲ ၁၇၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ရ၃၅ ကျောင်း၊ မူလတန်းလွန်
၉၈၆ ကျောင်းနှင့် မူလတန်းခွဲကျောင်း ၄၅၉ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်မည်ဖြစ်သည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာကျေင်းပေါင်း ၃,၃၀၀ ကျော်ကို အဆင့်တိုးမြှင့်
ဖွင့်လှစ်ခဲ့သည်။















