တက္ကသိုလ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ဖွင့်လှစ်မည်

တက္ကသိုလ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ဖွင့်လှစ်မည်

တက္ကသိုလ်စီမံခန့်ခွဲမှု တိုးတက်ရေးအတွက် ပါမောက္ခချုပ်များကို စီမံခန့်ခွဲမှု ပညာရပ် သင်ကြားပေးမည့်
သင်တန်းကျောင်း တစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟု အမျိုးသားပညာရေး
မူဝါဒကော်မရှင် တာဝန်ရှိသူက ပြောသည်။

"တက္ကသိုလ် ခေါင်းဆောင်မှု ပိုထိရောက်အောင် သင်တန်းကျောင်း တစ်ကျောင်းကို နိုင်ငံတကာနဲ့
ပူးပေါင်းပြီး ဖွင့်ဖို့ရှိပါတယ်။ စီမံခန့်ခွဲရေးအပိုင်းကို ပါမောက္ခချုပ်တွေ ပိုပြီးတော့ အောင်အောင်မြင်မြင်
ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်" ဟု အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က
ယခုလ ၂၅ ရက်တွင် ပြောသည်။

လတ်တလောတွင် အဆိုပါသင်တန်းကျောင်းကို National Institute for Higher Education
Development (NIHED) ဟု အမည်ပေးထားပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း
(၂၀၁၆ - ၂၀၂၁)အရ စီမံခန့်ခွဲမှုပိုမိုအားကောင်းလာစေရန် အမျိုးသားပညာရေးမူဝါဒကော်မရှင်က
စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။

တက္ကသိုလ် စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များက သင်ကြားမည်ဖြစ်ပြီး
ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်တွင် ဖွင့်လှစ်မည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး