လွိုင်ကော်မြို့တွင် အဆင့်မြင့်ရုပ်ရှင်ရုံတစ်ခု တည်ဆောက်ပေးမည်

လွိုင်ကော်မြို့တွင် အဆင့်မြင့်ရုပ်ရှင်ရုံတစ်ခု တည်ဆောက်ပေးမည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အဆင့်မြင့်ရုပ်ရှင်ရုံ တစ်ခုကို တည်ဆောက်ပေးသွားမည်
ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က
မေလ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြောကြားလိုက်သည်။

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လွီးဇာက လွိုင်ကော်မြို့ရှိ
သီရိရုပ်ရှင်ရုံမြေနေရာဟောင်းတွင် အဆင့်မြင့် ရုပ်ရှင်ရုံတည်ဆောင်ပေးရေးနှင့် စပ်လျဉ်းသည့်
မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာအဆင့်မြင့် ရုပ်ရှင်ရုံတည်ဆောက်ပေးရေးနဲ့ ပတ်သက်လို့
အစီအစဉ်ရှိပါတယ်၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လွိုင်ကော်မြို့ရှိသီရိ ရုပ်ရှင်ရုံဟောင်းမြေနေရာကို
သွားရောက် ကွင်းဆင်းလေ့လာပြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ လိုအပ်သလို ဆက်လက်ညှိနှိုင်း
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဖေမြင့်က ပြောသည်။

အဆင့်မြင့်ရုပ်ရှင်ရုံ တည်ဆောင်ရန် ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် သီရိရုပ်ရှင်ရုံဟောင်း
မြေနေရာကို ကယားပြည်နယ်အစိုးရအဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့် အညီလွှဲပြောင်းပေးနိုင်ရေးအတွက်
ဆောင်ရွက်ပြီးမှသာလျှင် ရုပ်ရှင်ရုံပါ၀င်သည့် ခေတ်မီအဆောက်အအုံ တည်ဆောက်နိုင်ရေးနှင့်
မြေနေရာစီမံခန့်ခွဲ ခွင့်ကိစ္စရပ်များကိုဆက် လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “

ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားချက်အရ မြေနေရာစီမံခန့်ခွဲ ပိုင်ခွင့်ရရှိပါက အနီးကပ်ဆုံး
ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဘတ်ဂျတ်လျာထား၍
သော်လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံနိုင်မယ့် ကုမ္ပဏီအဖွဲ့အစည်းရဲ့ အစီအစဉ်ဖြင့်လည်းကောင်း
ရုပ်ရှင်ရုံပါ၀င်တဲ့ အဆင့်မြင့် စူပါမားကတ်တစ်ခု ဆောက်လုပ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့
ဖော်ပြထားပါတယ်”ဟု ဒေါက်တာဖေမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး