အချိန်အခါမဟုတ် သည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင်
မိုးရေချိန် စံချိန်သစ်များတိုင်းထွာရရှိခဲ့ကာ ဒီဇင်ဘာလအတွင်းတွင်လည်း အချိန်အခါမဟုတ် မိုးရွာ
သွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ
လ ၃၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်
တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ အချို့တွင် နေရာ
ကွက် မိုးကြီးမှုများဖြစ်ပေါ်ခဲ့ကာ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖျာပုံမြို့၌ ၂၄ နာရီအတွင်း အများဆုံး
ရွာသွန်းသော နိုဝင်ဘာလ၏ မိုးရေချိန်စံချိန်သစ်အဖြစ် ၄ ဒသမ ၄၅ လက်မ ရှိခဲ့သည်။
၂၀၀၂ က ၃ ဒသမ ၀၃ လက်မ ရှိခဲ့သည်။
လေဖိအားနည်းရပ်ဝန်းများ၏ အရှိန်ကြောင့် နိုဝင်ဘာလအတွင်း ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး
တို့တွင် လေးရက်မှ ခြောက်ရက်ခန့်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၀ ရက်ခန့် အချိန်အခါ
မဟုတ်မိုးများ ရွာသွန်းခဲ့သည်။
"နိုဝင်ဘာလနှောင်းပိုင်းမှာ မြစ်ဝကျွန်းပေါ် ဒေသအချို့မှာ နေရာကွက်မိုးကြီးခဲ့တယ်။ နိုဝင်ဘာ ၂၈
ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ထိ ဖျာပုံမြို့မှာ မိုးရေချိန် စုစုပေါင်း ၆ ဒသမ ၅ လက်မခန့်ရရှိခဲ့ပြီး
ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ရန်ကုန်တိုင်းဒေသကြီးက ခရမ်းနဲ့ ရန်ကုန် (ကမ္ဘာအေး)တို့မှာ
မိုးရေချိန် ၁ ဒသမ ၅ လက်မကနေ သုံးလက်မထိ ရွာခဲ့ပါတယ်ဟု မိုး/ဇလဌာနမှ တာဝန်ရှိသူတစ်ဦး
က ပြောသည်။
ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်ရန် ခန့်မှန်း
ထားကာ လေဖိအားနည်းရပ်ဝန်းများနှင့် အခြားသော မိုးရွာသွန်းစေနိုင်သည့် မိုးလေဝသဖြစ်စဉ်များ
ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်နိုင် ကြောင်း၎င်းကပြောသည်။
ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး နှင့်မန္တလေးတိုင်း ဒေသကြီးတို့တွင် ငါးရက်ခန့်၊ ဧရာဝတီ၊ ပဲခူး၊
ရန်ကုန်နှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်နှင့် မွန် ပြည်နယ်တို့တွင် ကိုးရက်မှ ၁၁ ရက်ခန့် အချိန်
အခါမဟုတ် မိုးများရွာသွန်းနိုင် ကြောင်း ခန့်မှန်းထားသည်။















