အမ်းမြို့နယ်တွင် နေအိမ်ခြံစည်းရိုးတိုင်ကျင်း တူးဖော်စဉ် လက်ပစ်ဗုံးအဟောင်းနှင့် ကျည်ဆံအဟောင်းများ တွေ့ရှိ

အမ်းမြို့နယ်တွင် နေအိမ်ခြံစည်းရိုးတိုင်ကျင်း တူးဖော်စဉ် လက်ပစ်ဗုံးအဟောင်းနှင့် ကျည်ဆံအဟောင်းများ တွေ့ရှိ

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊မဲလက်မောင်းကျေးရွာအုပ်စု မဲလက်မောင်းကျေးရွာအနီး၌ ဇွန်လ ၆ ရက်နေ့
ညနေပိုင်းတွင် ဦးမောင်သန်းတိုးဆိုသူက နေအိမ်ခြံစည်းရိုးခတ်ရန် ကျင်းတူးဖော်စဉ်လက်ပစ်ဗုံး
ဟောင်းများနှင့် သေနတ်ကျည်ဆံ အဟောင်းများတွေ့ရှိခဲ့ကြောင်း ကဇူးကိုင်းရဲကင်းမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရသိရသည်။

လက်နက်အဟောင်းများတွေ့ရှိရာနေရာသို့ ကဇူးကိုင်းရဲကင်းမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့
စစ် ခေါင်းဆောင်တို့ သွားရောက်ကာယင်းအနီးတစ်ဝိုက်ကိုမိုင်း ရှာဖွေသော ကိရိယာများနှင့်
ဆက်လက်တူးဖော် ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် ၃၆ ခွင်းလက်ပစ်ဗုံးဟောင်း ၄ လုံး၊ ပျက်စီးနေသော
ဒသမ ၃၀၃ ကျည်တောင့် ၄၈၀ တောင့်၊ WRA တံဆိပ်ပါ အမေရိကန်နိုင်ငံလုပ် ၉ မမ ကျည်ဟောင်း
၈ တောင့်ကို တွေ့ရှိ ခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

အဆိုပါ လက်နက်ဟောင်းများအားဖျက်ဆီးရန်အတွက် အမှတ်(၉၁၉) စစ်လက်နက်အင်ဂျင်နီယာ
တပ်ရင်းက လာရောက်ယူဆောင်သွားကြောင်းလည်း သိရသည်။ အမ်းမြို့နယ်သည် ဒုတိယကမ္ဘာစစ်
ကာလအတွင်းက ဂျပန်များမှ ကျွဲကူးတပ်နှင့် မဲလက်မောင်းတပ်ဟု အမည်ရသောအမာခံတပ်များ
တည်ဆောက်ခဲ့မှုကြောင့် ယခုကဲ့သို့ စစ်လက်ကျန်ပစ္စည်းများ မကြာခဏတွေ့ရှိပြီးယင်းအနီး
တစ်ဝိုက်တွင်စစ်တွင်းအသုံးပြုခဲ့သော သံချပ်ကားများလည်း ကျန်ရှိနေသေးကြောင်း အမ်းမြိို့နယ်မှ
ဒေသခံတစ်ဦးဖြစ်သူ ဦးအုန်းမြင့်၏ ပြောပြချက်အရသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး