နိုဝင်ဘာလ ၂၃ ရက်က ဖမ်းဆီးထိန်းသိမ်းခံရသည့် မိုးထိမိုးမိ ဒေသရှိ ရွှေလုပ်သားဖွဲ့ခေါင်းဆောင်
လေးဦးကို ပြစ်မှုမြောက်သည်ဟုဆိုကာ ရေတာရှည်မြို့နယ် တရားရုံးက စွဲချက်တင်လိုက်ကြောင်း
အထက်တန်းရှေ့နေ ဒေါ်စန်းစန်းလှက ယခုလ ၁၁ ရက်နေ့တွင် ပြောသည်။
"ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဌေးကျော်က တရားဥပဒေကို ပျက်ပြားစေမှု၊ ပြည်
သူတွေကို ထိတ်လန့်စေမှု၊ ရပ်ရွာလူထုကို ပျက်ပြားစေမှုစတဲ့အချက်တွေပါတဲ့ ပုဒ်မ ၅၀၅(ခ)နဲ့စွဲထား
ပြီး၊ မြို့လှမြို့ ရဲတပ်ဖွဲ့စခန်းမှူး မောင်မောင်မြင့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ
ပုဒ်မ(၁၈) အရ ခွင့်ပြုမိန့် မတောင်းလို့ဆိုပြီး စွဲထားတာ"ဟု ၎င်းက ပြောသည်။
ပုဒ်မ ၅၀၅(ခ)ကို ဒီဇင်ဘာလ ၁၀ ရက် တွင်လည်းကောင်း၊ ပုဒ်မ(၁၈)ကို ဒီဇင်ဘာလ ၁၁ ရက်နေ့
တွင်လည်းကောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
"စွဲလိုက်တဲ့ စွဲချက်တွေမှာတော့ သက်သေခံ ဥပဒေပုဒ်မ(၁၀၁)အရ သက်သေပြဖို့တာဝန်က တရား
လိုမှာပဲ ကျရောက်တယ်၊ တရားဥပဒေစိုးမိုးရေးအရ ဘယ်လိုကြီးပျက်ပြားသွားလည်း ငြိမ်ဝပ်ပိပြားမှု
အရ ဘယ်လိုပျက်ပြားသွားလည်းဆိုတာ လုံးဝသက်သေမပြနိုင်ဘူး"ဟု ၎င်းကပြောသည်။
"မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုဖြစ်တဲ့အတွက် သူ့ဘက်က အာမခံအတွက် ဘာမှငြင်းစရာမရှိ
ဘူး ပြောလို့ အစိုးရရှေ့နေ့ ပုဒ်မ ၅၀၅(ခ) အတွက် အာမခံဖို့ ဒီဇင်ဘာ ၁၀ ရက်ကို ရုံးချိန်း လိုက်
တယ်၊ ဒါပေမယ့် အဲဒီနေ့က အာမခံ မပေးခဲ့ဘူး၊ အဲဒါကြောင့် ထောင်ထဲမှာပဲ နေရပြီး ဒီဇင်ဘာလ
ရ ရက်နေ့က အာမခံ ရခဲ့တဲ့ ပုဒ်မ(၁၈)ကိုလည်း ကျွန်တော်တို့ ဘက်ကပြန် ရုပ်သိမ်းလိုက်တာပါ"
ဟု ဖမ်းဆီးခံရသူ ကိုနေအောင်ထက်၏ ဖခင်ဖြစ်သူ ဦးမြသန်းက ပြောသည်။
ရွှေလုပ်သားအဖွဲ့ ခေါင်းဆောင် လေးဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရေတာရှည်မြို့နယ် အထွေ
ထွေ အုပ်ချုပ်ရေးမှူးက စတင်တရားစွဲခဲ့ပြီး၊ ရေတာရှည်မြို့နယ် တရားရုံး၌ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ
နိုဝင်ဘာလ ၃၀ ရက်နေ့တွင်် မြို့လှမြို့ ရဲတပ်ဖွဲ့ စခန်းမှူး မောင်မောင်မြင့်၊ ဒုရဲမှူးမြင့်ဝေ၊ ရေတာရှည်
မြို့နယ်ရှိ ငွေတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းတို့ကို တရားလိုပြသက်သေ အဖြစ်လည်း
ကောင်း၊ ဒီဇင်ဘာလ ၄ ရက် နေ့တွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အတွင်းရေးမှူး
ဦးဝင်းမျိုးသိန်း၊ ပျဉ်းမနားမြို့နယ်ရှိ အမှတ် (၂) သတ္တု တွင်းမှ အထွေထွေမန်နေဂျာ ဦးခင်ဖေ တို့ကို
လျှောက်လဲချက် တင်သင့် မတင်သင့်ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် စွဲချက်လျှောက်
လဲချက်များ ပြောခြင်းကိုလည်းကောင်း၊ ဒီဇင်ဘာ လ ရ ရက်နေ့တွင် ပုဒ်မ(၁၈)ကိုစတင် စွဲဆိုခဲ့ပြီး
၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ပုဒ်မနှစ်ခုပေါင်း စစ်ဆေးခြင်းတို့ကို လည်းကောင်း ပြုလုပ်ခဲ့သည်။















