တရားဝင် မြန်မာအလုပ်သမား ၂ဝ၈ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

တရားဝင် မြန်မာအလုပ်သမား ၂ဝ၈ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကတ်ချနဘူရိခရိုင်၊ ထမကန်မြို့ရှိ ကြက်သားစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့်
တရားဝင်မြန်မာအ လုပ်သမား ၂ဝ၈ ဦးမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (work-permit) များ
မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ကိုတွေ့ရှိခဲ့သဖြင့် ထိုင်းစစ်တပ်ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က
ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့သည်ဟု ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ပေးနေသည့်
အေအေစီအဖွဲ့နှင့် မြန်မာသံရုံးတာဝန်ရှိသူတို့က ဇွန်လ ၈ ရက်က မြန်မာတိုင်း(မ်)ကို ပြောခဲ့သည်။

''အဓိကတော့ အလုပ်လုပ်ခွင့်လက်မှတ်ပါတဲ့နေရာနဲ့ လက်ရှိအလုပ်နေရာမတူလို့ ထိုင်းစစ်ဆေးရေး
အဖွဲ့က သူတို့ဥပဒေအ တိုင်း ဖမ်းဆီးတာပါ'' ဟုထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေး
အဖွဲ့ အေအေစီမှ ကိုရဲမင်းက ပြောသည်။

ထို့အပြင် အဆိုပါ ကြက်သားစက်ရုံအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဝဝ ကျော်ကျန်ရှိနေပြီး၊
စက်ရုံတာဝန်ရှိသူများက အလုပ်ခိုင်းစေနေကြသော်လည်း အလုပ်သမားများမှာ အလုပ်လုပ်ကိုင်ခွင့်
လက်မှတ်များ မရရှိကြသေးသဖြင့် အလုပ်လုပ်ကိုင်ခွင့်ပေးရန် ငြင်းဆိုထားသည်ဟု ကိုရဲမင်းက
ပြောသည်။

ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား ၂ဝ၈ ဦးမှာ မြန်မာနိုင်ငံမှ နှစ်နိုင်ငံနားလည်မှုစာချုပ်
(အမ်အိုယူစနစ်)ဖြင့် တရားဝင်ပို့ဆောင်ထားသူများဖြစ်ပြီး အများစုမှာ ရူဘီထားဝယ်ပြည်ပ အလုပ်အကိုင်
ရှာဖွေရေးအကျိုးဆောင်ကုမ္ပဏီမှ တာဝန်ယူစေလွှတ်ထားသူများ ဖြစ်သည်ဟု မြန်မာသံရုံးအလုပ်သမား
သံအရာရှိနှင့် ကုမ္ပဏီဒါရိုက်တာတစ်ဦးက ဇွန်လ ၈ ရက်က မြန်မာတိုင်း(မ်)ကို အတည်ပြုပြောသည်။

''စာရွက်စာတမ်းတွေ အချိန်းအပြောင်းလုပ်နေတဲ့ကာလအတွင်းမှ စစ်ဆေးရေးအဖွဲ့က အလုပ်သမား
တွေကို တွေ့ရှိသွားတာပါ။ ဒီနေ့တော့ အေဂျင်စီတာဝန်ရှိသူတွေကိုယ်တိုင် အလုပ်သမားတွေ အဆင်ပြေဖို့
အတွက် တာဝန်ယူလိုက်လံဖြေရှင်းပေးနေပါ တယ်။ တာဝန်ရှိသူတွေ တရားရုံးမှာ ဒဏ်ငွေပေးဆောင်ပြီး
ရင်တော့ မနက်ဖြန်ဆို အလုပ်သမားတွေ အလုပ်ပြန် လုပ်နိုင်ကြပါပြီ'' ဟု ထိုင်းနိုင်ငံအခြေစိုက်
မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးနိုင်မင်းသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့အပြင် အလုပ်သမားများ အလုပ် လုပ်ကိုင်မှုမပြုနိုင်ခဲ့သည့်နေ့ရက်များအတွက် လုပ်ခလစာများ
ရရှိရန်အတွက်လည်း အေဂျင်စီတာဝန်ရှိသူများဖြင့် ညှိနှိုင်းစီစဉ်ပေးထားသည်ဟု မြန်မာသံရုံးတာဝန်ရှိသူက
ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံမြန်မာအလုပ်သမားများအား အဆင်ပြေရေးအတွက် အနီးကပ်လိုက်ပါကူညီ
ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် အလုပ်သမားများမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဖြင့်
သွားရောက်လုပ်ကိုင်ခြင်း ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်း ခံရမည်မဟုတ်ဟုလည်း Ruby Dawei
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိုအောင်သူလတ်က
မြန်မာတိုင်း(မ်)ကို ဇွန်လ ၈ ရက်က ပြောခဲ့သည်။

''အခု၊ ကျွန်တော်တို့ အလုပ်သမားတွေ အဆင်ပြေဖို့အတွက် တရားရုံးမှာ အခွန်ပေးဆောင်ပြီးပါပြီ။
အလုပ်သမားတွေ အိမ်ပြန်ဖို့ မလိုတော့ပါဘူး။ သူတို့ လုပ်ငန်းခွင်ပြန်ဝင်လို့ ရနေပါပြီ'' ဟု
ကိုအောင်သူလတ်က ပြောသည်။

အလုပ်သမားများမှာ ၄င်းတို့၏ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ သက်တမ်းတိုးထားစဉ်ကာအတွင်း
အလုပ်ရှင်က ရွှေ့ပြောင်းခိုင်းစေခြင်းပြုလုပ်ခဲ့သည့်အတွက် ထိုင်းအာဏာပိုင်များ၏
စစ်ဆေးဖမ်းဆီးမှု ခံခဲ့ရခြင်းသာ ဖြစ်သည်ဟုလည်း အေဂျင်စီတာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို
ပြောပြခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး