ရခိုင်ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာတွင် ဇွန်လ ၁၂ ရက်၊ နံနက် ၃ နာရီခန့်က
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကာ နေအိမ် ၁၈ လုံး
ပျက်စီးခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးပြောသည်။

“အသက် ၈၂ နှစ် နဲ့ ၂၉ နှစ်ရှိတဲ့သားအမိနှစ်ယောက်သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲက
အသက် ၃ နှစ်အရွယ်ရှိတဲ့ မိန်းကလေးတစ်ဦးက ယိုးတရုပ်တိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ်
ကုသမှုခံယူ နေရပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

လေဆင်နှာမောင်းကြောင့် အိုးမဲ့အိမ်မဲဖြစ်သူများအား သိမ်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း
ဖွင့်လှစ်ထားရှိကာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အချို့ကို နီးစပ်ရာဆွေမျိုးများ
အိမ်တွင် ယာယီနေရာချထားပေးလျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာ
ချမ်းသာက ပြောသည်။

“အိမ်ပြိုကျပျက်စီးမှုအတွက် သွပ်နဲ့အိမ်ဆောက်ပစ္စည်းတွေ ကို ထောက်ပံ့ပေး သွားမှာဖြစ်ပြီးသေဆုံးသူနဲ့
ဒဏ်ရာရတဲ့ သူတွေအတွက်လည်းလောလောဆယ်ငွေကြေးထောက်ပံ့မှုတွေပေး ခဲ့တယ်” ဟု
ဒေါက်တာချမ်းသာ ကဆိုသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုအတွေ့အကြံုကို ဒါဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံနေရသူ
ဦးထွန်းမြင့်သိန်းက “၃နာရီလောက်မှာကျွန်တော်တို့အိပ်နေတဲ့အချိန်မှာ ကုန်တင်ကား လာတဲ့
အသံမျိုးနဲ့အသံမြည် လာပြီး အနားကရှိတာတွေစုပ်ယူသွားပါတယ်။

သေဆုံးသွားတဲ့မိသားစုအိမ်ဆိုရင် တစ်အိမ်လုံးကိုစုပ်ယူသွားပြီး သေဆုံးနှစ်ယောက်နဲ့ ၃နှစ်အရွယ်
ကလေးကိုလယ်ကွင်းထဲမှာတွေရပြီးတော့ အိမ်ကိုအစအနရှာလို့ တောင်မတွေ့ရဘူး”ဟု ပြောသည်။

ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသော်လည်း ဒေသခံအချို့မှာ ဆွေမျိုးများအိမ်တွင် သွားရောက်
နေထိုင်မှုများ ရှိနေပြီး ကယ်ဆယ်ရေးစခန်းတွင် အမိုးအကာပြည့်စုံမရှိသည့်အတွက် မိုးများပါက
အခက်အခဲ ရှိနိုင်ကြောင်း ယိုးတရုပ်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဝင်းမောင်ကပြောသည်။

နေအိမ်များပျက်စီးခဲ့သော ဒေသခံများအနေနှင့်လည်း ပြိုကျပျက်စီး ခဲ့သော နေအိမ်များအား အမြန်ဆုံး
ပြန်လည်ပြင်ဆင်ပေးရန် လိုလားနေကြပြီး ပျက်စီးခဲ့သောအိမ်များရှင်းလင်းမှုကို ခ.လ.ရ(၂၀)နှင့် ခ.မ.ရ
(၅၅၀)တပ်မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များကပူးပေါင်းကူညီဆောင်ရွက်မှုများ
ပြုလုပ်ခဲ့ ကြကြောင်းလည်း ဦးဝင်းမောင်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး