ကျိုက်ထီးရိုး ဘုရားဖူးရာသီအမီ တောင်တက်ကေဘယ်ကားပြေးဆွဲမည်

ကျိုက်ထီးရိုး ဘုရားဖူးရာသီအမီ တောင်တက်ကေဘယ်ကားပြေးဆွဲမည်

 

မွန်ပြည်နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတွင် ယခုလာမည့် ဘုရားဖူးခရီးသွားရာသီအမီ ရသေ့တောင်မှ
ဘုရားရင်ပြင်ပေါ်အထိ တောင်တက်ကေဘယ်ကား စတင်ပြေးဆွဲမည်ဟု Sky Asia ကုမ္ပဏီ၏ ကေဘယ်
ကားစီမံကိန်း အထူးအကြံပေးကော်မတီဝင် ဦးမျိုးဝေက မြန်မာတိုင်း(မ်) ကိုပြောသည်။

''လက်ရှိအချိန်အထိ ကေဘယ်ကားတည်ဆောက်ရေး ရ၅ ရာခိုင်နှုန်း ပြီးစီးနေပြီ။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်း
ကို ဇူလိုင်အကုန် အပြီးသတ်ဆောင်ရွက်မယ်။ ပြီးရင် စမ်းသပ်ကာလအဖြစ် သုံးလ ပြေးဆွဲပြီးရင်
အောက်တိုဘာမှာ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါစီမံကိန်းတွင် ကေဘယ်ကား ၄၃ စီး တပ်ဆင်အသုံးပြုမှာဖြစ်ပြီး တစ်စီးလျှင် ခရီးသည်
ရှစ်ဦးခန့် စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။ ပြင်သစ်နိုင်ငံက မှာယူထားသည့် ကေဘယ်ကားတွဲဆိုင်းများကို
ပြင်သစ်နှင့် ကိုရီးယားနိုင်ငံက နည်းပညာရှင်များက တာဝန်ယူဆောက်လုပ်နေသည်ဟု ဦးမျိုးဝေက
ပြောသည်။

''ပထမတုန်းက ကင်ပွန်းစခန်းကနေ ဘုရားရင်ပြင်ပေါ်ထိ ကေဘယ်ကားပြေးဆွဲပေးဖို့ လျာထားခဲ့ပေမဲ့
ကျိုက်ထီးရိုး ဘုရားဖူးတောင်တက်ကားအသင်းလည်းရှိနေတော့ ရသေ့တောင်ကနေ ဘုရားရင်ပြင်ထိပဲ
ဆွဲပေးမယ်။ လောလောဆယ်မှာ ပြည်တွင်းခရီးသွားတစ်ဦးကို ကျပ် ၃,ဝဝဝ နဲ့ နိုင်ငံခြားသားတစ်ဦးကို
အမေရိကန် ၅ ဒေါ်လာ တောင်းခံ ဖို့လျာထားပေမဲ့ တောင်တက်ကားခနှုန်းထက် သက်သာတဲ့
စျေးနှုန်းဖြစ်အောင် စီစဉ်နေပါတယ်'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့် တောင်ကိုရီးယားနိုင်ငံသား ၈ဝ ရာခိုင်နှုန်းနှင့်
မြန်မာနိုင်ငံသား၂ဝ ရာခိုင်နှုန်းပါဝင်သည့် ကျိုက်ထီးရိုးတောင်တက် ကေဘယ်ကားစီမံကိန်းသည်
မွန်ပြည်နယ် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်းကြီးဌာနက
သစ်တောမြေ ၁၃ ဒသမ ၅ ဧက ကို BOT စနစ် ဖြင့် နှစ် ၅ဝ ငှားရမ်းအသုံးပြု အကောင်ထည်
ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

''ဒီကေဘယ်ကားစီမံကိန်းပြီးသွားရင်မြန်မာနိုင်ငံအတွက် ပထမဆုံး တောင်တက်ကေဘယ်ကားဖြစ်
လာမယ်။ ရသေ့တောင်ကနေ ရင်ပြင်အထိ ခရီးသွားဧည့်သည်တွေ သက်သောင့်သက်သာနဲ့
ဘုရားဖူးနိုင်မယ်'' ဟု မွန်ပြည်နယ် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

အမေရိကန်ဒေါ်လာ သန်း ၂ဝ ကုန်ကျခံတည်ဆောက်လျက်ရှိသည့် အဆိုပါ ကျိုက်ထီးရိုးတောင်တက်
ကေဘယ်ကား စီမံကိန်းကို ပြီးခဲ့သည့် ၂ဝ၁၆ ခရီးသွားရာသီ အစတည်းက ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း
ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ရခြင်းဖြစ်သည်။

''ဒီနှစ်ခရီးသွားရာသီအမီ ဖွင့်နိုင်ဖို့ သေချာသလောက်ရှိပါတယ်။ ခရီးသည်ဘေးကင်းလုံခြံုရေး
အတွက် စမ်းသပ်ကာလ သုံးလပြီးရင် ဘုရားဖူးခရီးသွားပြည်သူတွေ စီးနင်းနိုင်ပြီ'' ဟု ဦးမျိုးဝေက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး