The Voice သတင်းစာ အယ်ဒီတာချုပ် ဒုတိယအကြိမ် အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

The Voice သတင်းစာ အယ်ဒီတာချုပ် ဒုတိယအကြိမ် အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

၆၆(ဃ)ဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုတင်ပို့ခံထားရသည့် The Voice သတင်းစာ
အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ယနေ့ ဇွန်လ ၁၆ ရက်နေ့ ရုံးချိန်းတွင် ဒုတိယအကြိမ်
အာမခံလျှောက်ထားမှုအား တရားရုံးက ထပ်မံပယ်ချလိုက်သည်။

ယနေ့ ဒုတိအကြိမ်ရုံးချိန်းတွင် ဦးကျော်မင်းဆွေ၏ အကျိုးဆောင်ရှေ့နေ့က တရားရုံးသို့ စွဲဆိုထားသည့်
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် ပတ်သက်၍ အာမခံပေးရန် ထပ်မံလျှောက်ထားခြင်းကို
တရားသူကြီးက ဒုတိယအကြိမ်ပယ်ချခဲ့ခြင်းဖြစ်သည်။

The Voice သတင်းစာတွင်် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ရေးသားသည့် သရော်စာတစ်စောင်
ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး တပ်မတော်က ဗဟန်းမြို့နယ် ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ
ပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၈ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၇(၁)
အရ (အချုပ်လွတ်ထုခြေခွင့်)အာမခံ လျှောက်ထားရာတွင် မြို့နယ်တရားသူကြီးက ရဲလုပ်ငန်း
မပြီးသေးခြင်း၊ ဆေးအာမခံ မပါရှိဆိုသည့် အကြောင်းပြချက်ဖြင့် အာမခံလျှောက်ထားမှုကို
ပယ်ချခဲ့သည်။

ယနေ့ ရုံးချိန်းတွင် ဦးကျော်မင်းဆွေ၏ ရှေ့နေက ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးစာတင်ပြရာ
ပုဂ္ဂလိကကျန်းမာရေးဆေးစာဖြစ်နေသဖြင့် အာမခံတင်သွင်းမှုကို ဒုတိယအကြိမ် ပယ်ချခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ၀န်ကြီးဌာန၏ သဘောထားမှတ်ချက်အရ
ယင်းအမှုနှင့် မသက်ဆိုင်သည့်အတွက် အမှုတွဲတင်ရာတွင် မပါဝင်ဘဲ တရားရုံးကယနေ့
အပြီးသတ်လွှတ်ခဲ့သည်။

လာမည့် ဇွန် ၂၃ ရက်နေ့ ရုံးချိန်းတွင်လည်း တတိယအကြိမ် အာမခံလျှောက်ထားဦးမည်ဖြစ်ကြောင်း
ဦးကျော်မင်းဆွေ၏ အကျိုးဆောင်ရှေ့နေက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး