နိုင်ငံတကာ၌ အသုံးပြုနေသည့် မိုဘိုင်းနှင့် အီလက်ထရွန်းနစ် ငွေပေးချေမှုကို မြန်မာနိုင်ငံတွင် သုံးစွဲ
နိုင်ရေးအတွက် VISA ကုမ္ပဏီက ပထမဆုံးညှိနှိုင်း ဆွေးနွေးပွဲကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းစင်တာတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။
စီးပွားရေးလုပ်ငန်းများတွင် ငွေပေးချေမှုများကို လုံခြံုမြန်ဆန်စွာ အသုံးပြုနိုင်မည့် မိုဘိုင်းငွေ ပေးချေ
စနစ်ကို မကြာမီအချိန်တွင်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထိုဆွေးနွေးပွဲတွင် ပြောသည်။
"ငွေပေးချေမှုတွေက စီးပွားရေးလုပ်ငန်း တွေမှာ မရှိမဖြစ်မို့ အရေးကြီးကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။
အိုင်တီစနစ်ဖွံ့ဖြိုးတိုးတက်ပြီး မြန်ဆန်တဲ့ ငွေပေးချေစနစ်အသုံးပြုနိုင်ရင် စီးပွားရေးလုပ်ငန်းတွေရဲ့
ဘဏ်လုပ်ငန်းဆိုင်ရာတွေ၊ ငွေ ပေးချေမှုတွေမှာ အကျိုးသက်ရောက်မှု အများကြီးကောင်းလာနိုင်ပါ
တယ်"ဟု ဦးဝင်းရှိန်က ပြောသည်။
ထိုငွေပေးချေမှုစနစ်သုံးစွဲနိုင်ရန် ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးဌာနတို့က သက်ဆိုင်ရာ ဥပဒေနှင့်
စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပြီးလုပ်ကိုင်ခွင့်ပြုပါက တစ်နိုင်ငံလုံး အသုံးပြုနိုင် မည်ဖြစ်သည်။
"ဆက်သွယ်ရေးအော်ပရေတာအနေနဲ့တော့ မပေးနိုင်စရာမရှိပါဘူး။ ဆက်သွယ်ရေး ၀န်ကြီးဌာန
အနေနဲ့ အိုင်စီတီဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဒါကို လုပ်ချင်နေတာပါ။ လုပ်ချင်တယ်ဆိုရင် ပေးနိုင်ပါ
တယ်။ ဒါပေမယ့် ပိုက်ဆံကိစ္စတွေပါနေတာမို့ ဘဏ်ပိုင်းဆိုင်ရာက ပိုအရေးကြီးတာပါ။ ဒီစနစ်က
လည်းခုသုံးနေတဲ့ မိုဘိုင်းစနစ်နဲ့ဆို ရပါတယ်"ဟု ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်း
ပညာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က အဆိုပါပွဲတွင် ပြောသည်။
မိုဘိုင်းငွေပေးချေစနစ်ကို အသုံးပြုမည်ဆိုပါ ကမိုဘိုင်းဖုန်းတစ်လုံး၊ ဘဏ်အကောင့်တစ်ခု ဖွင့်ပြီး
အသုံးပြုနိုင်မည် ဖြစ်သည်။
"မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ ဒီစနစ်ကို သုံးနိုင်တဲ့အနေအထား၊ လုပ်နိုင်တဲ့ ပမာဏရှိပါ တယ်။
VISA ကုမ္ပဏီကလည်း မြန်မာနိုင်ငံကိုလာရောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု VISA ကုမ္ပဏီမှ
မန်နေဂျင်းဒါရိုက်တာ ဘရက်ဂျုန်းစ်က ပြောသည်။
"မိုဘိုင်းငွေပေးချေမှုက မြန်မာနိုင်ငံလိုပေါ်ထွန်းစ ဈေးကွက်တွေရဲ့ အီလက်ထရွန်းနစ်ငွေ ပေးချေမှု
အခြေခံအဆောက်အအုံတိုးတက်လာစေရေးမှာ လုပ်ကွက်ပြောင်းပေးတဲ့အရာ တစ်ခု ဖြစ်လာမှာပါ"
ဟု ဩစတြေးလျ၊ အာရှ နှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ဠှုှဗ ကုမ္ပဏီမန်နေဂျာပီတာမေဟာက
ပြောသည်။
"မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး အရှိန်အဟုန်က ဆက်လက်တိုးတက်နေတာနဲ့အညီ ကျယ်ပြန့်
တဲ့ပရိသတ်ကို လက်လှမ်းမီပြီး ကျွမ်းကျင်မှု၊ ဖွံ့ဖြိုးမှု၊ ဘဏ္ဍာရေးမှာ လူတိုင်းပါ၀င်နိုင်မှာကို တိုးပွား
စေမယ့် လုံခြံုစိတ်ချရပြီး အကုန်အကျသိပ်မများတဲ့ အီလက်ထရွန်းနစ် ငွေပေးချေမှု ပုံစံသစ်ဖွံ့ဖြိုး
တိုးတက်စေရေးအတွက် အစိုးရအဖွဲ့အစည်း၊ ဘဏ္ဍာရေးအဖွဲ့ အစည်းများနဲ့ တခြားသူတွေနဲ့ VISA
က တွဲဖက်ဆောင်ရွက်သွားမှာပါ" ဟု ပီတာမေဟာက ဆက်လက်ပြောသည်။
ထိုငွေပေးချေမှုတွင် လွယ်ကူသည့် ကြိုတင် ငွေသွင်းစနစ်ကို စတင်အသုံးပြုမည် ဖြစ်သည်။ ကျန်ရှိ
သည့် ငွေချေး၊ ငွေယူစနစ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်
ရန် VISA က ဘဏ်များကို နည်းပညာများ ထောက်ပံ့သွားမည်ဖြစ်သည်။
သက်သာသည့် ဘဏ်ဝန်ဆောင်ခများကိုသုံးစွဲသူက ရယူခံစားရမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရဘဏ်များ
က ကုန်ပစ္စည်းအမျိုးအစားပေါ်တွင်သာ ရွေးချယ်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။















