ပညာရေးသည် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပညာရေးသည် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျင်းပခွင့်မရခဲ့သော လူ့အခွင့်အရေးများနေ့အား ဒီဇင်ဘာလ
၁၀ ရက်နေ့က ရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်တွင် ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့သည်။

ထိုကဲ့သို့ ရာစုနှစ် နှစ်ခုကျော်အတွင်း ပြုလုပ်သော ပြန်လည်ကျင်းပမှုတွင် ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဦးဝင်းမြနှင့်
ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးမှာ လူ့အခွင့်အရေးအတွက် အရေးကြီးသော
အုတ်မြစ်တစ်ခု ဖြစ်ကြောင်းပြောသည်။

"ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့အမြင်တွေကို လွတ်လွတ်လပ်လပ်ဖော်ပြနိုင်တဲ့ ပညာရေးစနစ်တစ်ခုရှိဖို့
လိုပါတယ်။

"လူ့အခွင့်အရေးလို့ ပြောတဲ့အခါမှာ ကျွန်မတို့အနေနဲ့ ကိုယ်မကြိုက်တဲ့ လူတွေရဲ့အသံတွေကိုလည်း
နားထောင် ဖို့ လိုပါတယ်"ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလူမျိုးစုများအပါအဝင် မြန်မာလူ့အဖွဲ့အစည်းမှာ ညှိနှိုင်းဖြေရှင်းသည့် အလေ့အထ
အားနည်းခြင်းမှာလည်း ပညာရေးစနစ်ကြောင့် ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းကမူ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု
များအား ချီးကျူး ပြောဆိုခဲ့သော်လည်း ကချင်ပြည်နယ်ရှိ လက်ရှိဖြစ်ပွားနေသော စစ်ပွဲမှာ ငြိမ်းချမ်း
ရေးဖြစ်စဉ်အား နောက်ပြန်ဆွဲ နေသည့် အတားအဆီးတစ်ခုဖြစ် ကြောင်းလည်းပြောဆိုခဲ့သည်။

"တိုင်းရင်းသားတွေအားလုံးအကျိုးအတွက် အာဏာနဲ့ အရင်းအမြစ်ခွဲဝေမှုတွေကို လုပ်ဆောင်သွား
ဖို့လိုပါတယ်"ဟု ဦးအောင်မင်းက၊ပြောသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပေးပို့သည့် လူ့အခွင့်အရေးများနေ့
သဝဏ်လွှာကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ညှိနှိုင်းရေးမှူး Mr Ashok Nigam
က အခမ်းအနား၌ ဖတ်ကြားခဲ့သည်။

"အမျိုးသမီးတွေနေရာတိုင်းမှာ မဲပေးခွင့်ရနေကြပြီ။ ဒါပေမယ့် ပါလီမန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊
အစိုးရ အဆင့်မြင့်ရာထူးတွေနဲ့ ဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာတော့ ပါ၀င်မှုနှုန်း နည်းနေတုန်းပဲ"
ဟု ဘန်ကီမွန်းက သဝဏ်လွှာတွင် ပြောကြားထားသည်။

"တိုင်းရင်းသားဒေသခံမျိုးနွယ်စုတွေဟာ သူ့တို့ရဲ့ အခွင့်အရေးတွေ အပြည့်အဝ မရဘဲ ခွဲခြားခံနေ
ကြရတယ်" ဟု လည်း ၎င်းကပြောသည်။

အချို့နိုင်ငံများတွင် လူမှုအဖွဲ့အစည်း များအနေဖြင့်ဖိအားများ၊ ကန့်သတ်မှု များနှင့်ကြံုတွေ့နေရ
ကြောင်း၊ လူမှုအဖွဲ့အစည်းများအလုပ် လုပ်ကိုင်နိုင်ရန် ခက်ခဲသည့်အခြေအနေများအားဖန်တီးသော
ဥပဒေအသစ်များ ရေးဆွဲခြင်းများကိုလည်း ပြုလုပ်လာကြောင်း ၎င်းက ပြောကြားထားသည်။

ထို့နောက် အရှေ့တောင်အာရှဒေသ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ဒေသ ဆိုင်ရာကိုယ်စားလှယ်
ဖြစ်သူ Ms Matilda Bogner က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မှာတမ်းကို ဖတ်ကြားခဲ့
သည်။

မြန်မာဂျာနယ်လစ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ(၁)ဖြစ်သော ဦးကိုကိုက လူ့အခွင့် အရေးအတွက် စာနယ်
ဇင်းမှာအလွန်အရေးကြီးကြောင်းပြောကာ သတင်းမီဒီယာများအနေဖြင့်လည်း လူ့အခွင့်အရေးနှင့်
ပတ်သက်၍ ပညာပေးနိုင်ရန်လိုကြောင်း ပြောသည်။

"ပြည်သူတွေကို သူတို့ရဲ့လူ့အခွင့် အရေးတွေဟာ ဘာတွေပါဆိုတာကို ပြောဖို့လိုတဲ့အပြင် အာဏာ
ပိုင်တွေကိုလည်း ဘယ်လိုလုပ်ရပ်မျိုးဟာတော့ဖြင့် လူ့အခွင့်အရေးကိုချိုးဖောက်တယ်ဆိုတာသိ
အောင် ပညာပေးဖို့လိုအပ်ပါတယ်"ဟု ဦးကိုကိုက ပြော ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး