ဓာတ်အားပေးစက်ရုံ အမေရိကန်ကုမ္ပဏီ အကောင်အထည်ဖော်

ဓာတ်အားပေးစက်ရုံ အမေရိကန်ကုမ္ပဏီ အကောင်အထည်ဖော်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် လုပ်ကိုင်ဆောင်
ရွက်မည့် စီမံကိန်းကို အမေရိကန်နိုင်ငံ General Electric (GE) မှ Aeroderivative Gas Turbine
များဖြင့် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်အကောင်အထည် ဖော်မည် ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း
လျှပ်စစ် ဓာတ်အား စတင်ဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ကြောင်း GE က သတင်း ထုတ်ပြန်ခဲ့သည်။

"၂၀၁၃ ခုနှစ် ဒုတိယသုံးလပတ် နောက်ဆုံးထားပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချသွားမှာပါ။
ဓာတ်အား မဂ္ဂဝပ် ၁၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးသွား မှာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ် စွမ်းအင် ကဏ္ဍ
က သဘာဝဓာတ်ငွေ့ ဖြစ်တယ်လို့ ရှုမြင်ပြီး နိုင်ငံရဲ့ အလျင်လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို
ဖြည့်တင်းပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုံမြို့နယ်တွင်တည်ရှိသော အဆိုပါ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို စင်ကာပူနိုင်ငံရှိ TOYO
Thai Power Corp က ပိုင်ဆိုင်လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနသို့ လျှပ်စစ်
ဓာတ်အားရောင်းချသွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး