ဘူးသီးတောင် - မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် အကြမ်းဖက် သင်တန်း
ဆောင်ရွက်နေသည့် နေရာများ၊ လက်နက်နှင့် ရိက္ခာအသုံးအဆောင် ပစ္စည်းများကို
လုံခြံုရေးတပ်ဖွဲ့ဝင်များက ယခုလ ၂၀ ရက်က တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ရေးကော်မတီက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ တောင်ကြောတွင် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် သင်တန်းများ ဆောင်ရွက်နေကြောင်း
သတင်းအရ လုံခြံုရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာတွင် ယခုလို
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ထို့အတူ လုံခြံုရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ကျွန်းဂေါင်းကျေးရွာသို့ ၀င်ရောက်ရှင်းလင်းခဲ့ရာ
အကြမ်းဖက် သင်တန်းများ ဆောင်ရွက်ရာတွင် ပါ၀င်သည့် Arakan Rohigya Salvation Army
(ARSA) ၏ ဘဏ္ဍာရေးတာဝန်ခံကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။















