ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျူးဖြူ)ပါတီ၏ဒုတိယ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ
ညီလာခံကို ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ဇန်နဝါ ရီလ ၂ ရက်နှင့် ၃ ရက် နေ့တွင်
ကျင်းပမည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။
"အားလုံး ၅၆ မြို့နယ်က ခန့်မှန်းခြေ ကိုယ်စားလှယ် ၆၀၀ လောက်လာ တက်ဖို့ မှန်းထားပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မှာ စီအီးစီ(ဗဟိုကော်မတီ) အစည်းအဝေး ကျင်းပမှာဆိုတော့ အဲဒီအချိန်ကျမှ
ဘာတွေ ဆွေးနွေးမှာလဲဆို တာသိရမှာပါ"ဟု ၎င်းက ပြောသည်။
ယခုလို ညီလာခံ ကျင်းပခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က လူပေါင်း ၃၀၀
ကျော်ခန့်ဖြင့် တောင်ကြီးမြို့တွင် ၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့ကြောင်း ၎င်းက ပြောသည်။
ကျားဖြူပါတီကို ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်း ဖြစ်သည်။
ယခင် တပ်မတော် အစိုးရက ကမကထ ကျင်းပပြုလုပ်ပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်
လွှတ်တော် သုံးရပ်အတွက် အမတ်စုစုပေါင်း ၁၅၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲတွင်
ပြည်သူ့လွှတ်တော် အမတ် ၁၈ ဦး၊ အမျိုးသားလွှတ်တော် အမတ် သုံးဦး၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် လွှတ်တော်အဆင့် အမတ် ၃၆ ဦး စုစုပေါင်း ၅၇ ဦး ရွေးကောက်ခံရကာ ပြည်ထောင်စု
ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည)ပြီး လျှင်
တတိယအမတ်ဦးရေအများဆုံး အနိုင်ရပါတီ ဖြစ်သည်။
လက်ရှိအနေ အထားအရ ပြည်ထောင်စုအဆင့်လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၂၂ ဦး ရှိပြီး ကြံ့ခိုင်
ရေးနှင့် အင်န်အယ်လ်ဒီပါတီပြီးလျှင် ၎င်းက တတိယအင်အား အကြီးဆုံးပါတီလည်းဖြစ်ကာ ဥပဒေ
ပြုရေး ကဏ္ဍတွင်အရေးပါသော ပါတီအဖြစ် ရပ်တည်လျက်ရှိသည်။















