ပြည်ပတွင် မွေးဖွားခဲ့သည့် တရားမဝင်လုပ်သားတို့၏ ကလေးငယ်များ နိုင်ငံသား အသိအမှတ်ပြုလက်မှတ် ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်

ပြည်ပတွင် မွေးဖွားခဲ့သည့် တရားမဝင်လုပ်သားတို့၏ ကလေးငယ်များ နိုင်ငံသား အသိအမှတ်ပြုလက်မှတ် ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်

တရားမဝင်သွားရောက်ရာမှ တစ်ဆင့် နိုင်ငံသားအချင်းချင်း ပြည်ပ၌ လက်ထပ်ပေါင်းသင်းပြီး
မွေးဖွားခဲ့သည့် ကလေးငယ်များသည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်မှတ် မရှိခြင်းကြောင့်
နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုအပြင် အခက်အခဲများကြံုတွေ့နေရခြင်းကြောင့် မွေးစာရင်းကိစ္စကို
ညှိနှိုင်းဆောင်ရွက်အကောင်အထည်ဖော်ရန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားသည်။

"မွေးစာရင်းကိစ္စကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပါ့မယ်။
ပညာရေးကိစ္စကို လည်း ပညာရေးဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးတော့မှကျွန်တော်တို့နိုင်ငံသားများရဲ့
ကလေးများ နိုင်ငံသားပြန်လည်ရရှိရေးနဲ့ သူတို့ရဲ့ အခွင့်အရေးများ မဆုံးရှုံးရေးအတွက် ညှိနှိုင်းပြီးတော့
စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်"ဟု ဇွန်၂၁ရက်တွင်ကျင်းပသော
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီး ဦးသိန်းဆွေကပြောသည်။

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းကြောင့်
နိုင်ငံသားများသည် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်ပြီး၊ တရားမဝင်
သွားရောက်သူများလည်းရှိကြောင်း၊ ထိုသို့ အလုပ်သမား အချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ
မွေးဖွားလာသည့် ကလေးများသည် မိမိနိုင်ငံပြန်ရောက်သည့်အခါ မွေးစာရင်း မရှိသဖြင့် နိုင်ငံမဲ့ဘဝကို
ကြံုတွေ့နေရကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

"တရားမဝင်လုပ်ကိုင်သူ အချင်းချင်းပေါင်းသင်းရာက ကလေးမွေးဖွားလာပါတယ်။ တရားမဝင်
သွားလုပ်တာဖြစ်လို့ တရားစွဲခံရမှာ ကြောက်ပြီး ဆက်မလုပ်ဘဲ ပြန်လာတဲ့အခါ ကလေးကတော့
နိုင်ငံမဲ့ဖြစ်နေပြီး မွေးစာရင်း မရတဲ့ပြဿနာ ရှိနေတယ်။ ကလေးတွေမှာ အဖေအမေတွေက တရားမဝင်
အလုပ်သမားဖြစ်လို့ မှတ်ပုံတင်မလုပ်ရဲ လို့ပြန်လာတဲ့အတွက် ဒီအခက်အခဲတွေရှိနေပါတယ်"ဟု
၄င်းကပြောသည်။

နိုင်ငံသားအဖြစ်ဆုံးရှုံးသွားသူများနှင့် အခြားနိုင်ငံသားအဖြစ် ခံယူထားသူများသည် မြန်မာနိုင်ငံသား
အဖြစ် ပြန်လည် လျှောက်ထားရယူနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

ထိုသို့ လျှောက်ထား ရယူပြီးမှ သာလျင် ၎င်းတို့၏ ကလေးများကို မြန်မာနိုင်ငံသားမှမွေးဖွားသော
ကလေးများအဖြစ် ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ပြည်ပတွင်တရားမဝင်ရောက်ရှိနေသောမိဘများက မွေးလာသည့် ကလေးများကို တရားဝင်မွေးစာရင်း
ထုတ်ပေးနိုင်ရေးသည် သီးခြားကိစ္စဖြစ်သောကြောင့် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်ခြင်း
မရှိဘဲ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်း၊ ပြည်နယ်
ကျန််းမာရေး ဦးစီးဌာနများ၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်
စီစဉ်နေကြောင်း ပြည်ထောင် စုဝန်ကြီးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး