ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်လာစေရန် ပြည်သူများနှင့် တပ်မတော်၊ အုပ်ချုပ်
သူများကြား နားလည်မှုတည်ဆောက်ရန် လိုအပ်သည်ဟု အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၈ ရက်နှင့် ၉ ရက်က နှစ်ရက်တာ ခရီးစဉ်အဖြစ် မြန်မာ
နိုင်ငံအလယ်ပိုင်း ဒေသသို့ သွားရောက်စဉ် ပြည်သူများအား ပြောကြားလိုက်သည်။
"ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားနားလည်မှုရှိအောင် လုပ်ရမယ်။ ကျွန်မတို့ နိုင်ငံသား
အချင်းချင်း နားလည်မှုရှိအောင်လုပ်ရမယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း နားလည်
မှုရှိအောင်လုပ်ရမယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင်ဆန်း
စုကြည်က ပြောသည်။
၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်မှ စတင်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို
အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုများအဖြစ် အမျိုးသားညီညွတ်မှု
အောင်ပွဲများ များစွာလိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။
"ကျွန်မတို့နိုင်ငံမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်းအားလုံး ထောက်ခံဖို့ မလိုပါဘူး။
ဒီလိုပဲတစ်ယောက် နဲ့ တစ်ယောက် မတူညီတဲ့ အမြင်တွေရှိတယ်။ ကျွန်မတို့ နိုင်ငံဟာချမ်းသာတဲ့
နိုင်ငံမဟုတ်ပါဘူး။ ဒီတော့ အားလုံးကို တစ်ပြိင်တည်းလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့
ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ချက်ချတာတွေ လုပ်ရမယ်" ဟု ၎င်းက ပြောသည်။
လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် နားလည်မှုတည်
ဆောက်နိုင်မှသာ တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံတစ်ခုတည်ဆောက်နိုင်မည်ဟုလည်း ၎င်းက ပြည်သူ
များကို ပြောကြားခဲ့သည်။
မတူညီသည့်ကိစ္စများကို အမြင်များ၊ ကိစ္စရပ်များ၊ ခံယူချက်များကို ညှိုနှိုင်းရာတွင် ဒီမိုကရေစီကို
လိုလားသည့် ပြည်သူများအနေဖြင့် ဒီမိုကရေစီနည်းကျညှိနှိုင်း တိုင်ပင်ဆွေးနွေးသည့် အလေ့အထ
များကို တည်ဆောက်ရမည်ဟုလည်း ၎င်းက ပြောသည်။
"ဒါတွေဟာ နေ့ချင်းညချင်းတည် ဆောက်လို့ရတာမျိုး မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။
ပြည်သူများအနေဖြင့်လည်း ဒီမိုကရေစီရရှိရန်အတွက် တစ်ဦးတစ်ယောက်တည်းကိုသာ အားမကိုး
ဘဲ လူတိုင်း လူတိုင်းခေါင်းဆောင်များဖြစ်ရန် ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
ပြောကြားခဲ့သည်။
"လူတိုင်းဟာ တစ်နေ့တစ်ခါမှာ ခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းရှိအောင် မွေးမြူကြပါ"ဟု ၎င်း
က ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပြောကြားခြင်းသည် ၎င်းအနေဖြင့် တာဝန်များကို မယူချင်၍ သော်လည်းကောင်း၊ တာဝန်
များကို မယူရဲ၍လည်းကောင်း ပြောကြားခြင်းမဟုတ်ဘဲ လူတစ်ဦးတည်း တစ်ယောက်တည်းကိုသာ
ပုံပြီး အားမကိုးစေချင်သောကြောင့်ဟု ၎င်းက ပြောသည်။
"ကျွန်မက ခေါင်းဆောင်တစ်ယောက် မလိုချင်ဘူး။ ခေါင်းဆောင်တွေ အများကြီး လိုချင်တာ" ဟု
ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
















