လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး မန္တလေးမြို့နှင့် မြို့ကြီးအချို့၌ သံဃာတော်များ
ရာနှင့်ချီကာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
ဆန္ဒဖော်ထုတ်ကြရာတွင် မန္တလေး လေးပြင် လေးရပ်မှ သံဃာများအပြင် ကျောင်းသားအဖွဲ့များ၊
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့များမှလည်း ပူးပေါင်းပါ၀င်ခဲ့ကြပြီး ဘုရားကြီးတောင်ဘက် ဦပွားဘုရား
မှ မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာလာပြီး ဘုရားကြီးတစ်ပတ်လှည့်ကာ မွန်းလွဲ ၂ နာရီကျော်
အချိန်တွင် ဦးပွားဘုရား၌ပင် ပြန်လည် ရောက်ရှိကာ ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့သည်။
''တောင်းဆိုထားတဲ့ အချက်တွေကို မလိုက်လျှောဘူးဆိုရင်တော့ နောက်ရက်တွေမှာလည်း ဆက်
ပြီးဆန္ဒဖော်ထုတ်ကြရမှာပါ"ဟု ဥူးသောပိတက မိန့်ကြားသည်။
"ဦးဇင်းတို့ စုနေကြ ဦးပွားဘုရားတောင်မှ သော့ခတ်ထားတယ်ဆိုတာကလည်း မြင်လို့လဲ မကောင်း
ဘူး။ တောင်းဆိုထားတဲ့အချက် သုံးချက်လိုက်လျှောမှ သပိတ်ကိုရပ်တန့်သွားမှာ"ဟု ဂဠုန်နီဆရာ
တော် ဥူးကာဝိရက ပြောသည်။
အောက်မြန်မာနိုင်ငံ သံဃာများနှင့် အထက် မြန်မာနိုင်ငံ သံဃာတော်များ ပူးပေါင်းပြီး မြန်မာ နိုင်ငံ
လုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ကော်မတီမှ ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲပါ ကြေညာချက် အမှတ် ၁/
၂၀၁၂ ဖြင့် အချက် သုံးချက် တောင်းဆိုခဲ့သည်မှာ နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့မှအကြမ်းဖက်
ဖြိုခွင်းခဲ့မှု ကြောင့် ဒဏ်ရာရရှိခဲ့သောသူများနှင့် သံဃာထုတစ်ခုလုံး အား တောင်းပန်ရန်၊ အကြမ်း
ဖက်ဖြိုခွင်းမှုအား ခိုင်းစေခဲ့သောသူကို ဖော်ထုတ်ပေးရန်နှင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီး
ထားသူများအား ခြွင်းချက်မရှိပြန်လွှတ်ပေးရန် စသည့်တို့ကို တောင်းဆိုထားသည်။
မန္တလေးမြို့အပြင် ရန်ကုန်မြို့၊ ရခိုင်၊ မုံရွာ၊ ပြည်၊ ချောက်၊ ပခုက္ကူ၊ မိုးကုတ်နှင့် လွိုင်ကော်မြို့များတွင်
လည်း ပြည်သူနှင့် သံဃာပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
"ဒီနေ့ နေ့လယ် (၁၂-၁၂-၁၂ နေ့ ၁၂ နာရီ)မှာ ပခုက္ကူမြို့မှာ သံဃာတော် အပါး ၁,၀၀၀ ကျော်
လောက်နဲ့ အရပ်သား ၅၀ ဦးလောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အရပ်သား တွေလည်း ပါ၀င်
ချင်ပေမယ့် ခွင့်ပြုမိန့်မရှိလို့ပါ။ ဒီမှာတော့ အင်န်အယ်လ်ဒီပါတီဝင် တချို့နဲ့ ဗကသလူငယ်တချို့
ပါ၀င်ဆန္ဒ ဖော်ထုတ်ကြပါတယ်။ သံဃာတော်တွေ လမ်းလျှောက်သွားရင်းက ပခုက္ကူသံဃာတော်
တွေရဲ့ တောင်းဆိုချက်ခြောက်ချက် ကို ဗီနိုင်းလ်ထုတ်ပြီး လက်ကကိုင်သွားကြပါတယ်။ မွန်းတည့်
၁၂ နာရီကနေစခဲ့တာ ၂ နာရီခွဲမှာ ပြီးခဲ့တယ်။ ရဲတွေဘက်က လမ်းမှာ တားဆီးတာမျိုး မရှိပါဘူး"ဟု
ဆန္ဒဖော်ထုတ်ရာတွင် ပါ၀င်သည့် ဦးနန္ဒာသာရက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဒီဇင်ဘာလ ၁၂ ရက် နေ့လယ် ၁၂ နာရီတွင် အနည်းဆုံး မြို့ကြီးခြောက် မြို့တို့၌ ဆန္ဒဖော်ထုတ်ခဲ့
ကြသည့် သံဃာအရေအတွက်မှာ မန္တလေးမြို့၌ ဦးပွား ဘုရားဘက်တွင် သံဃာအပါး ၁,၀၀၀ ခန့်၊
အိမ်တော်ရာ ဘုရားဘက်တွင် ၄၀၀ ခန့်ရှိကြောင်း၊ မုံရွာမြို့တွင် အပါး ၅၀၀ ကျော်ရှိ ကြောင်းနှင့်
ပခုက္ကူမြို့တွင် ၁,၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
အချို့ သောမြို့နယ်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဒေသတွင်းရှိ နိုင်ငံရေးပါတီများနှင့် တွေ့
ဆုံကာ ယခုအရေးအခင်းတွင် မပါ၀င်ကြဖို့ မေတ္တာရပ်ခံခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုပါ၀င်
သော ဆန္ဒဖော်ထုတ်မှုအဆင့်မျိုးထိ မရောက်ခဲ့ကြောင်း သိရသည်။ လက်ပံတောင်း တောင်ကြေးနီ
စီမံကိန်းအပေါ် ဆန္ဒဖော်ထုတ်သည့် အရပ်သားအချို့တို့ ယခင်ရက်များ၌ အဖမ်းအဆီးခံခဲ့ရသော်
လည်း ယနေ့ပါ၀င် ဆန္ဒဖော်ထုတ်ခဲ့သော အရပ်သားအချို့တို့ ညနေပိုင်းအထိ အဖမ်းအဆီး မခံရ
သေးကြောင်း သိရသည်။
"ဦးဇင်းတို့ လမ်းတစ်လျှောက်မှာ ပြည်ထဲရေးဘက်က အတားအဆီး မျိုးတွေ မရှိပါဘူး။ ခုချိန်ထိ
တော့ အဖမ်းအဆီးတွေ မရှိပါဘူး။ တကယ်လို့ အတားအဆီးတွေ၊ အဖမ်းအဆီးတွေ ရှိလာခဲ့ရင်ပဲ
ဒီကိစ္စဟာ သံဃာထုရဲ့ အဆုံးအဖြတ်၊ သံဃာအများစုရဲ့ သဘောထားဖြစ်တဲ့ အတွက် အခုလိုပဲ
ဆက်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ် သွားမှာပါ"ဟု မုံရွာမြို့၌ ဆန္ဒထုတ်ဖော်ကြသည့် သံဃာ
တော်များတွင် ပါ၀င်သည့် ဦးဝိသက္ခက မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
















