အယ်ဂျာဇီးရား သတင်းဌာနမှ ထုတ်လွှတ်နေသော ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်သည့်
The Hidden Genocide အမည်ရှိ ရုပ်သံ အစီအစဉ်အပေါ် မချေပသင့်က အချိန်ကုန်ခံပြန်လည်
ချေပမည်မဟုတ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
သိန်းဌေးက တုန့်ပြန်ပြောဆိုလိုက်သည်။
"အယ်လ်ဂျာဇီးရားဆိုတာ သတင်းဌာန တစ်ခုပဲဖြစ်ပါတယ်။ သူကလည်း သူပုံဖော်ချင်တဲ့ ကိစ္စတွေ
သူပြောတွေ အားလုံးက အမှန်တွေ မဟုတ်ပါဘူး"ဟု ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဒီဇင်ဘာလ
၈ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော ရခိုင်ပြည်နယ် အခြေအနေများနှင့်
စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
"အမြဲတမ်း ဘယ်အဖွဲ့အစည်းမှာမဆို သူတို့မှာ နိုင်ငံရေးမျှော်မှန်းချက်ရှိတယ်။ ဒါတွေကို ဘာနဲ့
အကောင်အထည်ဖော်လဲဆိုတော့ မီဒီယာနဲ့ ရုပ်ပုံခြယ်လေ့ရှိတယ်။ မိမိလိုချင်တဲ့ ပုံသဏ္ဌန်ဖြစ်
အောင် မီဒီယာနဲ့ ပုံချဲတာကိုတော့ သူတို့ရဲ့ ထုတ်လွှတ်မှုကို မူတည်ပြီး ချေပသင့်တာလည်း ရှိရင်
ရှိမယ်။















