ကျောင်းသားသမဂ္ဂ အဆောက်အအုံ မူလနေရာတွင် ပြန်လည်တည်ဆောက်မည်

ကျောင်းသားသမဂ္ဂ အဆောက်အအုံ မူလနေရာတွင် ပြန်လည်တည်ဆောက်မည်

 

ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မူလနေရာတွင် ပြန်လည်တည်ဆောက် မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ယခုလ ၃ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ဝင်း
အတွင်း ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်သည့်
ညှိနှိုင်းအစည်း အဝေးအရ သိရသည်။

''မူလနေရာမှာပဲ ဆောက်ဖို့မှာပါ။ ဆောက်တဲ့အခါ ဘယ်လိုဆောက်မလဲ ့ံွှ က နေရာကို
တူးဖော်ရှာဖွေတာမျိုး လုပ်ကြည့်သင့်တယ်လို့ပြောတယ်။ နောက်ပြီးတော့ အုတ်မြစ်ပဲ ကျန်တယ်
ဆိုတော့ အုတ်မြစ်ပဲ ကျန်တာကိုက သမိုင်းဖြစ်တဲ့အတွက် အုတ်မြစ်ကို အစိတ်အပိုင်းအနေနဲ့
နောင်လာ နောက်သားတွေပြဖို့အတွက် ထိန်းသိမ်းထားမလား၊၊ အဲဒါမျိုးတွေ ဆွေးနွေးတာလည်း
ရှိပါတယ်'' ဟု ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးတင့်လွင်က ပြောသည်။

ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ အပါအဝင်၊ အမျိုးသားဒီမိုကရေစီပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီတွေ၊
ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတွေနဲ့မျိုးဆက်သစ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်
ကျောင်းသားများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး
အဖွဲ့ဝင် ၂၁ ဦးပါ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး