မစ္စယန်ဟီးလီ စီးနင်းလာသည့် လေယာဉ် အသေးစားစက်ချို့ယွင်းသဖြင့် သံတွဲလေယာဉ်ကွင်း၌ သုံးနာရီခန့်ကြန့်ကြာခဲ့ရ

မစ္စယန်ဟီးလီ စီးနင်းလာသည့် လေယာဉ် အသေးစားစက်ချို့ယွင်းသဖြင့် သံတွဲလေယာဉ်ကွင်း၌ သုံးနာရီခန့်ကြန့်ကြာခဲ့ရ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာ
တင်သွင်းသူ မစ္စယန်ဟီးလီ စီးနင်းလိုက်ပါလာသော လေယာဉ်သည်အသေးစား စက်ချို့ယွင်းမှု
ဖြစ်သောကြောင့် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက သံတွဲလေဆိပ်တွင် သုံးနာရီခန့်
ကြန့်ကြာခဲ့ရကြောင်း သံတွဲလေကြောင်းရဲတပ်ဖွဲ့မှ သိရသည်။

"လေယာဉ်နောက်တစ်စီးလာတယ် ခရီးသည်တွေနဲ့ မစ္စယန်ဟီးလီ တို့ကို တင်ပြီး အခုကျောက်ဖြူကို
ထွက်သွားပါပြီ" ဟု သံတွဲ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

မစ္စရန်ဟီးလီ စီးနင်းလိုက်ပါလာသော လေယာဉ်သည် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး
ဇူလိုင် ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ တွင် သံတွဲလေယာဉ်ကွင်း၌ ဆင်းသက်ကာ စက်ချို့ယွင်းခဲ့ပြီး
နောက်လေယာဉ်တစ်စီး ရောက်ရှိလာကာ ၁၂ နာရီတွင် ကျောက်ဖြူမြို့သို့
ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

မစ္စရန်ဟီးလီ ကို သံတွဲခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရပ်တပ်ဖွဲ့မှူးတို့က လေဆိပ် VIP ခန်းတွင်
တွေ့ဆုံဧည့်ခံခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး