''နှစ်နိုင်ငံဆက်ဆံရေးအတွက် ကဏ္ဍစုံ တိုးတက်အောင် လုပ်ဆောင်နေပါတယ်''

''နှစ်နိုင်ငံဆက်ဆံရေးအတွက် ကဏ္ဍစုံ တိုးတက်အောင် လုပ်ဆောင်နေပါတယ်''

 

မြန်မာနှင့် အိန္ဒိယနိုင်ငံသည် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သော်လည်း
လတ်တလောတွင် သွေးအေးနေသည့် မိတ်ဆွေရင်းချာဆက်ဆံရေးဟု ဆိုရမည်ဖြစ်သည်။ မြန်မာအိန္ဒိယ
ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေကို
မြန်မာတိုင်း(မ်) သတင်းထောက် ဉာဏ်လင်းအောင်က နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ယခုလ
၆ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်။

လက်ရှိ အစိုးရသစ်လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘယ်လိုအပိုင်းတွေ
ပိုမိုလုပ်ဆောင်
ဖြစ်ပါသလဲ။

ဘက်စုံကဏ္ဍပေါင်းစုံ တိုးတက်အောင်လုပ်ဆောင်နေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးက အတိတ်ကာလ
ကတည်းက ကောင်းခဲ့တာဆိုတော့ နှစ်နိုင်ငံဆက်ဆံရေးက ကျဆင်းသွားခဲ့တာ တစ်ခါမှ မရှိဘူး။
အခုဆိုရင် လမ်းက အတိတ်ကာလထက်ပိုပြီးတော့ ပွင့်လင်းသွားပြီပေါ့နော်။ အဲဒီတော့
အခွင့်အလမ်းတွေ အများကြီးပေါ့ ။

ကုန်သွယ်မှုပိုင်းမှာ ဘယ်လို တိုးတက်မှုရှိပါသလဲ။

ကုန်သွယ်မှုပိုင်းကတော့ အမြင့်မားဆုံးကိန်းဂဏန်းထိ ရည်မှန်းထားတာရှိတယ်။ နှစ်နိုင်ငံပူးပေါင်းပြီး
နည်းပညာပိုင်းမှာ ဆက်ပြီးလုပ်ရမယ့် ဧရိယာလေးတွေ ရှိပါတယ်။

မနှစ်က သမ္မတကြီးလာတုန်းက သဘောတူညီမှု သုံးခုလက်မှတ်ထိုးတာရှိတယ်။ အိန္ဒိယက
အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ ကိုးကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမှုအစည်းအဝေးလည်း
လုပ်နေတယ်။ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေး
ဝန်ကြီးတို့ သီးခြားတွေ့ဆုံမှုလည်း ရှိတယ်ဆိုတော့ ဘယ်လို သဘောတူညီမှုအသစ်တွေ
ရရှိခဲ့ပါသလဲ။

အာဆီယံ ၁ဝနိုင်ငံစလုံးက လာကြပေမဲ့ တချို့နိုင်ငံတွေက အိန္ဒိယနိုင်ငံနဲ့အဝေးကြီးဆိုတော့
နှစ်နိုင်ငံတွေ့ဆုံမှုက မြန်မာတစ်နိုင်ငံတည်းပဲရှိတယ်။ အန်ကယ်သိသလောက်ပေါ့။ အာဆီယံ
ကိစ္စအပြင် ရောက်တုန်း ခဏတွေ့ချင်ပါတယ်ဆိုလို့ တွေ့ဖြစ်တဲ့သဘောပါပဲ။ ကိစ္စကြီးကြီးမားမား
ဆွေးနွေးဖြစ်တာတော့ မရှိပါဘူး။ နှစ်နိုင်ငံကြား တချို့ကိစ္စတွေ အမြင်ချင်းဖလှယ်တဲ့ သဘောပါပဲ။

နှစ်နိုင်ငံကြား နယ်စပ် နယ်နိမိတ် ပြန်လည်သတ်မှတ်ဖို့ ဆွေးနွေးထားတဲ့ အပိုင်းတွေ
တိုးတက်မှုအခြေအနေ ရှိနေပြီလား။

ရှိပါတယ်။ Technical Teams အချင်းချင်း နယ်မြေမှာ တွေ့နေပါပြီ။ လိုအပ်တာတွေ
ညှိနှိုင်းနေပါပြီ။ အလားအလာ အများကြီးကောင်းနေပါပြီ။

အိန္ဒိယမြန်မာ နယ်စယ်ကုန်သွယ်မှုက တခြားနိုင်ငံတွေနဲ့စာရင် သိပ်မြင့်မားတာ မရှိဘူး။
တချို့နယ်စပ်တွေမှာက နယ်စပ်ပြဿ     နာတွေကြောင့် ကုန်သွယ်မှုက တက်မလာတာမျိုးလည်း
ရှိတယ်။
ဆိုတော့ နှစ်နိုင်ငံကြား ဘယ်လို နယ်စပ်ပြဿ     နာ အခက်အခဲတွေ ရှိနေသေးလဲ။
ဆွေးနွေးနေရဆဲ
ကိစ္စတွေများရှိလား။

အခက်အခဲတော့ မမြင်ဘူး။ ပုံမှန်အတိုင်း နယ်စပ်ဒေသကူးသန်းသွာလာမှု၊ ကုန်သွယ်မှုတော့
ရှိနေတာပေါ့။ ကြီးမားတဲ့ ပြဿ     နာတော့ မရှိပါဘူး။ သို့သော် နယ်စပ်ဖြစ်တဲ့အတွက် ပုံမှန်အခြေအနေက
ရုတ်တရက်သိဖို့ ခဲယဉ်းတာပေါ့။ ပြဿ     နာတစ်ခုခုဖြစ်လာရင်တော့ ချက်ချင်းပြေးကြည့်ပြီး
ချက်ချင်းသိဖို့တော့ ခက်တယ်။ အဲဒီလိုအနေအထားမျိုးပါ။

အစိုးရသစ်လက်ထက်မှာ သုံးနိုင်ငံအဝေးပြေးလမ်းပိုင်း ချိတ်ဆက်မှုနဲ့ပတ်သက်လို့
ဘယ်လောက်ထိ
သဘောတူညီမှု ရထားပြီလဲခင်ဗျ။

အိန္ဒိယမြန်မာထိုင်း သုံးနိုင်ငံ အမြန်လမ်းပေါ့။ အဲဒီကတစ်ဆင့် လာအိုထိ ဆက်သွားမယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒါက နိုင်ငံတိုင်းမှာ အရင်အစိုးရလက်ထက်မှာ စခဲ့ကြတာ။ အမှန်က
စီမံကိန်းက ခုလောက်ဆိုပြီးသင့်ပြီပေါ့။ သို့သော် အကြောင်းကြောင်းပေါ့။ အခုကတော့ ရွေ့လျားမှုက
ပိုပြီး မြန်ဆန်လာတယ်လို့ အန်ကယ်အကဲခတ်မိတယ်။ အဲဒီတော့ မကြာခင်ပြီးလိမ့်မယ်။

စစ်တွေဆိပ်ကမ်း (စီမံကိန်း) ကို အိန္ဒိယက ခုတော်တော်လေး အာရုံစိုက်လာတာတွေ့တယ်။
အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရဘက်က မြန်မာနိုင်ငံဘက်ကို ဘယ်လို
တွန်းအားပေးမှုမျိုးတွေ 
ရှိလဲ။ ဘယ်လိုဆွေးနွေးမှုမျိုးရှိလာလဲ။

တချို့ သတင်းအချက်အလက်တွေကတော့ အန်ကယ်လိုက်မမီတဲ့အဆင့်မှာ ရှိတာပေါ့နော်။ ဘာကြောင့်လဲ
ဆိုတော့ ရင်းနှီးမြှုပ်နှံမှုဘက်ကသွားတာတွေရှိတယ်။ နေ့စဉ်အလိုက်တိုးတက်မှုတော့ မသိရဘူးပေါ့။

နှစ်နိုင်ငံ ပညာတော်သင်အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးထားတာများရှိသေးလားဗျ။

တစ်နှစ် လူ ၄ဝဝ၅ဝဝ ပို့မယ်ဆိုတာမျိုး အစီအစဉ်တော့ မရှိသေးဘူး။ ဒါပေမဲ့ ရှေ့လျှောက်မှာတော့
ဖြစ်လာနိုင်မယ့် အလားအလာတွေရှိပါတယ်။ အိန္ဒိယကစက်မှု တက္ကသိုလ် အရမ်းကောင်းတယ်။ ဒါပေမဲ့
သူတို့က ပုဂ္ဂလိက တက္ကသိုလ်တွေဆိုတော့ နှစ်နိုင်ငံအစိုးရချင်းအစီအစဉ်နဲ့ပဲလာလာ၊ တတ်နိုင်တဲ့
မိဘတွေက ပို့တာဖြစ်ဖြစ် အစီအစဉ်လုပ်မယ်ဆိုရင် အကျိုးရှိနိုင်တာ များတယ်။ နောက်ဆေးတက္ကသိုလ်
တော်တော်တိုးတက်တယ်။စရိတ်စက အများကြီးသက်သာတယ်။ အဲဒီအပိုင်းက အိန္ဒိယရဲ့ ပုဂ္ဂလိကဏ္ဍ
စွမ်းဆောင်မှုပဲ။ အရမ်းအောင်မြင်တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး