ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ကမန်တိုင်းရင်းသား အိမ်ထောင်စု ၄၇ စု သည် ရန်ကုန်သို့
ရောက်ရှိနေပြီဖြစ်ကာ အိမ်ထောင်စု ၈ စုကျန်ရှိနေသေးကြောင်းအလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဇူလိုင်လ ၁၄ ရက်နေ့တွင်
မြန်မာတိုင်း (မ်) ကိုပြောသည်။
''ကျွန်တော်တို့ကစိစစ်ပေးတဲ့အပိုင်းပဲရှိတယ်။ခွင့်ပြုတာကတော့သူတို့ လည်းတိုင်ရင်းသားဖြစ်တဲ့
အတွက်တိုင်းရင်းသားအခွင့်အရေးအပြည့် အဝရမှာ ပါ။ စစ်ဆေးတာကတော့ရခိုင်ပြည်နယ်မှာက
ထူးခြားတဲ့ အနေ အထားရှိတယ်။ ဘင်္ဂ ါလီတွေလည်းရှိတယ်။ရောပါသွားမှာစိုးလို့ စစ်ဆေးတဲ့
အပိုင်းပဲရှိတယ်။ ကမန်ကိုတော့ကျွန်တော်တို့ခွင့်ပြုသွားမှာပါ။ ပြောင်းတာရွှေ့တာမှာ ၄၇ စုတော့
ရောက်သွားပြီပေါ့။ ကျန်တဲ့ ဟာတွေပြောင်းဖို့ရွေ့ဖို့လုပ်နေကြပါတယ်။ ရောပါသွားမှာဖြစ်နိုင်တဲ့
အတွက်မည်သူမဆ်ုိ အစစ်ဆေးတော့ခံရမှာဖြစ်ပါတယ်" ဟုဦးမြင့်ကြိုင်ကပြောသည်။
ရခိုင်ပြည်နယ်ရှိ် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းခဲ့ပြီး၊
အဆိုပါဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၅၅ စုကိုရွေးချယ်ကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခွင့်
ပြုခဲ့ကြောင်း သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါ၀င်လျှင်
မိမိနေထိုင်ချင်သောနေရာတွင်လွတ်လပ်စွာ ရွေ့ပြောင်းသွားလာနေထိုင်နိုင်ကြောင်းဦးမြင့်ကြိုင်က
ဆိုသည်။
''ကမန်ဆိုတာ အရင်ကတည်းက ရခိုင်ယဉ်ကျေးမှုနဲ့အညီနေထိုင် လာကြတဲ့ တိုင်းရင်းသားပဲ။
အဲ့ဒါကတော့အမှန်တရားပဲ။နောက်ပိုင်းမှာ ဘင်္ဂါလီတွေနဲ့ရောနောလာတာတွေရှိပါတယ်။
ကမန်ခေါင်းဆောင်တွေကသူတို့ ရဲ့ရပ်တည်ချက်ကိုပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း
ကမ္ဘာကို အသိပေးဖို့လိုတယ်လို့ရိုးရိုးသားသားယုံကြည်ပါတယ် '' ဟုရခိုင်အမျိုးသားပါတီအထွေထွေ
အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မြန်မာတိုင်း(မ်) ကိုပြောသည်။ ပြောင်းရွေ့လိုသည့်
ကမန်တိုင်းရင်းသားများသည်သက်ဆိုင်ရာ လဝက တွင် အိမ်ထောင်စုစာရင်း ပုံစံ ၆၆\၆ မှပြောင်းသော
အိမ်ထောင်စုစာရင်း ပုံစံ ၁၀ သို့ ပြောင်းလဲကာနေထိုင်လိုသောနေရာသို့အပြောင်းအရွှေ့
လျှောက်ထား ရမည်ဖြစ်သည်။ထိုမှတဆင့်သက်ဆိုင်ရာက စိစစ်ပြီးပြောင်းရွေ့ခွင့်ပေးမည်ဖြစ်ကြောင်း
သိရသည်။
ရခိုင်ပြည်နယ်မှပြောင်းရွှေ့လာသော ကမန်တိုင်းရင်းသားများသည် ရန်ကုန်မြို့ တွင်နေထိုင်လျက်ရှိကာ
၄င်းတို့သည် ၂၀၁၂ ခုနှစ် ပဋိပက္ခ အပြီးဒုက္ခသည်စခန်းများတွင်ငါး နှစ်ခန့်နေထိုင်ခဲ့ရသူများဖြစ်ကြောင်း
သိရသည်။















