ဗုဒ္ဓဘာသာ ၀ိပဿနာကျင့်စဉ် နှင့် စိတ်ပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

ဗုဒ္ဓဘာသာ ၀ိပဿနာကျင့်စဉ် နှင့် စိတ်ပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

ဗုဒ္ဓဘာသာ ၀ိပဿနာကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာ စိတ်ပညာဆိုင်ရာ ပထမဆုံးအကြိမ် နိုင်ငံတကာ
နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်
ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလို နိုင်ငံတကာအဆင့် ဗုဒ္ဓဘာသာ ၀ိပဿနာကျင့်စဉ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပရတဲ့
အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ ပရိယတ္တိကို အခြေခံပြီး ပဋိပတ္တိ ၀ိပဿနာကျင့်စဉ်တွေကို
ပညာရှင်အသီးသီးရဲ့အမြင်နဲ့ ဖော်ထုတ်စုဆောင်းဖို့ပါ"ဟု အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာ
သနာပြုတက္ကသိုလ် ပဋိပတ္တိဌာနမှူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက မိန့်ကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာဝိပဿနာ ကျင့်စဉ်များဆိုင်ရာ ညီလာခံသည် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်
ကျင်းပသည့် နှီးနှောဖလှယ်ပွဲဖြစ်သည်။

ဩတြေးလျ၊ နယူးဇီလန်၊ အင်္ဂလန်၊ စင်ကာပူ၊ ထိုင်း စသော နိုင်ငံတကာမှ စိတ်ပညာရှင်များ၊ ပြည်
တွင်း၊ ပြည်ပ ၀ိပဿနာဌာနအသီးသီးမှ သံဃာတော်များနှင့် ပညာရှင်များ အပြည်ပြည်ဆိုင်ရာ
ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လက်ရှိ ပညာသင်ကြားလျက်ရှိသော နိုင်ငံပေါင်း ၁၈ နိုင်ငံမှ
စာသင်သားများ အပါအဝင် စုစုပေါင်း ၂၀၀ ခန့် ပါ၀င် ဆွေးနွေးကြမည်ဖြစ်သည်။

သုံးရက်ကြာ နှီးနှောဖလှယ်ပွဲတွင် ၀ိပဿနာကျင့်စဉ်နှင့် စိတ်ပညာဆိုင်ရာ စာတမ်းပေါင်း ၂၀ ကျော်
ဖတ်ကြားသွားမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲ၏ ကုန်ကျစရိတ်နှင့် တက်ရောက်လာသော ပြည်တွင်း၊ ပြည်ပ ဗုဒ္ဓဘာသာနှင့် စိတ်
ပညာဆိုင်ရာ ပညာ ရှင်များ၊ သံဃာတော်များ၏ ကုန်ကျစရိတ်ကို ဆရာတော် ဒေါက်တာ အရှင်
ဆေကိန္ဒနှင့် တက္ကသိုလ်တို့က လှူဒါန်း ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး