ရာသီဥတုဆိုးရွားမှုကြောင့် Y8 လေယာဉ် ပျက်ကျခြင်းဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်

ရာသီဥတုဆိုးရွားမှုကြောင့် Y8 လေယာဉ် ပျက်ကျခြင်းဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်

တပ်မတော်ပိုင် Y8 လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းမှာ စက်ချွတ်ယွင်းမှုကြောင့်မဟုတ်ဘဲ
ရာသီဥတုဆိုးရွားခြင်းကြောင့်သာ ဖြစ်ကြောင်း လေယာဉ်ပျက်ကျပြီး ၄၁ ရက်မြောက်နေ့တွင်
တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန် ရ ရက်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသော
တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y8 သည် လောင်းလုံးမြို့အနီးရှိ ကမ်းရိုးတန်းတွင် ပျက်ကျခဲ့သည်။

လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို သိရှိရန် ဇွန် ၁၅ ရက်က တွေ့ရှိခဲ့သည့် Black Box ဟုခေါ်သည့်
FDRFlight Data Recorder နှင့် CVRCockpit Voice Recorder တို့ကို စစ်ဆေးမှု မှတ်တမ်းများအရ
လေယာဉ်ပျက်ကျရသည့် အကြောင်းမှာ မသာမာမှုကြောင့်၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်း
တစ်ခုခုကြောင်၊ လေယာဉ်အင်ဂျင်ချို့ယွင်း ရပ်တန့်မှုကြောင့် ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းမဟုတ်ဘဲ
ဆိုးရွားသည့် ရာသီဥတုနှင့်ကြံုတွေ့ခဲ့ပြီးနောက် Lost Control (လေယာဉ်အား ထိန်းချုပ်နိုင်မှုမရှိခဲ့ခြင်း)
ဖြစ်ပေါ်ခဲ့၍ ပျက်ကျခြင်းဖြစ်သည်ဟု တပ်မတော်က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အကြောင်းရင်း သိရှိရန် အဓိကကျသည့် FDR နှင့် CVR တို့ကို မူလထုတ်လုပ်သည့် ကုမ္ပဏီ
Original Equipment Manufacturer (OEM) သည် တရုတ်နိုင်ငံဖြစ်ရာ ထုတ်လုပ်သူနှင့်
အသုံးပြုသူအကြား သံသယကင်းရှင်းစေရန်နှင့် မလိုလားအပ်သည့် ကြားခံအဖွဲ့အစည်းများ၏
သွေးထိုးမှုကို ရှောင်ရှားနိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တတိယ
အဖွဲ့အစည်းဖွဲ့စည်းကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ တတိယအဖွဲ့အစည်းဖြစ်သည့် ပူးပေါင်းစုံစမ်း
စစ်ဆေးဖော်ထုတ်ရေးအဖွဲ့တွင် တပ်မတော် (လေ) မှ အရာရှိများအပါဝင် ပြည်တွင်း၊ ပြည်ပမှ
ကျွမ်းကျင်ပညာရှင်များ ပါဝင်ခဲ့သည်။

အဆိုပါ Y8 200F လေယာဉ်သည် ၂ဝ၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရရှိခဲ့သည့် လေယာဉ်
ဖြစ်သည်။ လေယာဉ်ပျက်ကျမှုတွင် လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် ခရီးသည် ၁ဝ၈ ဦး အသက်
ဆုံးရှုံးခဲ့သည်။ ဇွန် ၂ဝ ရက်အထိ တပ်မတော်က ထုတ်ပြန်ခဲ့သည့် သတင်းများအရ သေဆုံးသူ
၁၂၂ အနက် သေဆုံးသူ ၉၃ ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိထားသည်။

Y8 လေယာဉ်ပျက်ကျမှုဖြစ်စဉ်သည် တပ်မတော် သမိုင်းတစ်လျှောက်အဆိုးရွားဆုံး လေယာဉ်
ပျက်ကျမှုဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
မှတ်ချက်ပြုထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး