အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား
နှင့် လူမှုဝန်ကြီးဌာနတို့က ပူးပေါင်းပြီး အရည်အသွေး အာမခံခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို
ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ပြီး အာဆီယံ-ဂျပန် ထိပ်သီး ဆွေးနွေးပွဲတွင် သဘောတူချမှတ်
ခဲ့ သော အာဆီယံ ပူးပေါင်းဆောင်ရွက်မှုပဏာမ ခြေလှမ်း IAI (Initiaive for ASEAN
Integration) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ပထမလေးနှစ်ကို ဆောင်ရွက်ပြီးနောက် ဒုတိယ
အကြိမ်ဆက်လက် အကောင်အထည်ဖော်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းကို ဂျပန်
နိုင်ငံတွင် ပို့ချခဲ့သည်များကို ပြန်လည်မျှဝေကာ ဂျပန်နိုင်ငံမှ ပညာရှင်များလာရောက်ဆွေးနွေးသော
အလုပ်ရုံ ဆွေးနွေးပွဲဖြစ်သည်။
ယင်းဆွေးနွေးပွဲသည် ASEAN Common Labour Market ကဲ့သို့ ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့်
ဈေးကွက်များအတွက် ပဏာမခြေလှမ်းဖြစ်သည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
"အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ၀န်ထမ်းတွေနဲ့ ကုန်သည်စက်မှု အသင်းချုပ်က ၀န်ထမ်းတွေ
ကို လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကို ဂျပန်မှာရှိတဲ့ JAVADA အဖွဲ့နဲ့
ဂျပန်အစိုးရတို့က နှစ်စဉ်ခေါ်ယူ သင်ကြားပေးပါတယ်။ ဒီနှစ်ကတော့ အရည်အသွေးအာမခံနဲ့ ပတ်
သက်တာကို သင်ကြားပေးပါတယ်။ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းကိုရဖို့ဆိုရင် ကျွမ်းကျင်မှု
ရှိတဲ့လုပ်သားတွေ လိုတယ်။ ကျွမ်းကျင်မှုဆိုတာလည်း အတွေ့အကြံုနဲ့ ဆက်စပ်တယ်။ ဥပမာ
ဆိုရင် Level 1 ကနေ ချက်ချင်း Level 2 ကို တက်သွားလို့မရဘူး။ ကြားထဲမှာ အတွေ့အကြံု
ဘယ်လောက်ရှိရမယ်စသဖြင့် သတ်မှတ်ထားတာတွေရှိတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလမ်း
ကြောင်းအတိုင်းသွားဖို့ ရှိပါတယ်" ဟု ၎င်းကပြောသည်။
"ကျွမ်းကျင်မှုစံတွေကို သတ်မှတ်တဲ့နေရာမှာလည်း အလုပ်အားလုံးကိုသတ်မှတ်စရာမလိုဘူး။ နိုင်ငံ
တကာမှာသုံးနေတဲ့ အလုပ်အကိုင်တွေကိုပဲ သတ်မှတ်သင့်တယ်"ဟု ၎င်းကပြောသည်။
ဂျပန်နိုင်ငံ၌ သင်တန်းတက်ရောက်ခဲ့သော ကုန်သည်စက်မှုအသင်းချုပ်မှ ဒေါ်ချိုသီရိမောင်က
လက်ရှိအချိန်တွင်စုစည်းကာ ပူးပေါင်းလုပ်ဆောင်မှုများ လိုအပ်နေသည််ဟု ပြောသည်။
"မြန်မာမှာကတော့ အလုပ်တော်တော်များများမှာ အစိုးရက အစိုးရသတ်သတ် လုပ်တာ၊ ပုဂ္ဂလိက
က သတ်သတ်လုပ်တာတွေ ရှိတယ်။ စုစည်းပြီးလုပ်တာ အားနည်းတယ်"ဟု ၎င်းကပြောသည်။















