အာဇာနည်နေ့ မှတ်တမ်းဓာတ်ပုံများ
နှစ် ရ၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို ယမန်နေ့က တစ်နိုင်ငံလုံးတွင် စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အာဇာနည်နေ့ အဓိကနေရာများဖြစ်သော အာဇာနည်ဗိမာန်၊ အတွင်းဝန်များရုံးနှင့်
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များသို့ ယမန်နှစ်ထက် လူများ ပိုမိုလာရောက်ခဲ့သည်ကို တွေ့ရသည်။


























