မူလတန်းအရွယ် ကလေးငယ် ၁,၀၀၀ အား အပတ်စဉ် နွားနို့တိုက်ကျွေးမည့်အစီအစဉ် စတင်

မူလတန်းအရွယ် ကလေးငယ် ၁,၀၀၀ အား အပတ်စဉ် နွားနို့တိုက်ကျွေးမည့်အစီအစဉ် စတင်

အသက်ခြောက်နှစ်မှ ကိုးနှစ်အရွယ် မူလတန်းကလေးငယ် ၁,၀၀၀ အား ကျောင်းတွင်းအပတ်စဉ်
နွားနို့တိုက် ကျွေးသည့် အစီအစဉ်ကို ရန်ကုန်မြို့ရှိ မူလတန်းကျောင်း သုံးကျောင်း၌ ယခုလမှ စတင်
၍ အကောင်အထည်ဖော်သွားမည်ဟု မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက
ယခုလ ၁၁ ရက်နေ့က ပြောသည်။

မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်း နှင့် Friesland Campina နို့နှင့်နို့ထွက်ပစ္စည်းကုမ္ပဏီတို့ ပူး
ပေါင်းစီစဉ်သည့် အဆိုပါ နွားနို့ဒါန (Milk Charity) အစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ
မြို့နယ်ရှိ ကျောင်းသုံးကျောင်း၌ ဒီဇင်ဘာလ ၁ ရက်နေ့မှ မတ်လကုန်အထိ ပြုလုပ်သွားမည်ဟု
အဆိုပါ အသင်းမှအထွေထွေအတွင်းရေးမှူး ဒေါက်တာခင်လှိုင်က ပြောသည်။

အဆိုပါအစီအစဉ်တွင် မူလတန်းအရွယ် ကလေးငယ် ၁,၀၀၀ အား တစ်ဦးလျှင် ပေါင်းတင်ပြီး နွားနို့
၂၀၀ မီလီလီတာ နှုန်းဖြင့် တစ်ပတ်လျှင်တစ်ကြိမ် စာသင် နှစ်ကုန်အထိ တိုက်မည်ဖြစ်သည်။

"ကျောင်းနေအရွယ် ကလေးငယ်တွေ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ခန္ဓာကြီးထွားသန်မာစေဖို့ အဓိက
ရည်ရွယ်ပါတယ်"ဟု ဒေါက်တာခင်လှိုင်က ပြောသည်။ မူလတန်းကလေးငယ်များအား နွားနို့တိုက်
ကျွေးခြင်း အစီအစဉ်များကို ဇူလိုင် လ ၁၆ ရက်မှ စတင်ပြီး မန္တလေးတိုင်း ဒေသကြီးရှိ မူလတန်း
ကျောင်း ရှစ်ကျောင်းမှ ကလေးငယ် ၁,၈၀၀ ကျော်အား အပတ်စဉ် နွားနို့တိုက်ကျွေးခဲ့ကာ ဩဂုတ်
လ၂၁ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းရှစ်ကျောင်းမှ ကလေးငယ်
၂,၂၀၀ ကျော်အား တိုက်ကျွေးခဲ့သည်။

အဆိုပါ အစီအစဉ်များကို မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်းနှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့
(FAO) တို့ ပူးပေါင်း၍နို့လုပ်ငန်းရှင်များ၏ လှူဒါန်းမှုဖြင့် လုပ်ဆောင်နေသည်။

ဒီဇင်ဘာလမှ မတ်လအထိ ပြုလုပ်မည့် အဆိုပါအစီအစဉ်အတွက် သိန်း ၃၀ ကျော်ခန့် အကုန်ကျခံ
လှူဒါန်းသွား မည်ဟု Friesland Campina ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ Ms. Sarinthip
Pimpaeng က ပြောသည်။

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နိုင်ဖို့ဆိုရင် အလှူရှင်တွေ လိုအပ်ပါတယ်။ ကျောင်းသား
မိဘတွေပါ စိတ်ဝင်စားပြီး ပါ၀င်နိုင်ရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာပါ။ ဒီလိုတိုက် ကျွေးတဲ့
အတွက် နို့ဈေးကွက် ပိုမိုကျယ် ပြန့်လာပြီး မြန်မာနိုင်ငံမှာ အသေးစား နို့စားနွားမွေးမြူရေး တိုးတက်
ဖို့ရည်ရွယ်ပါတယ်"ဟု ဒေါက်တာခင်လှိုင်က ပြောသည်။

ကလေးငယ်များအား နွားနို့တိုက် ကျွေးရန် လှူဒါန်းလိုသူများသည် မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ
အသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး