အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး စက်လှေမှောက် ပျောက်ဆုံးနေ

အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး စက်လှေမှောက် ပျောက်ဆုံးနေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တောင်ဘဇာနယ်မြေမှ
ရဲမှူးတစ်ဦးအပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦး စက်လှေနစ်မြုပ် ပျောက်ဆုံးနေကြောင်း
နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

"လှည့်ကင်းတာဝန်ထမ်းဆောင်နေရင်း မိုးကလဲ မနေ့ကတအားရွာတော့ စက်လှေမြုပ်တာပါ
ခုနှစ်နာရီ ခွဲလောက်ကပါ" ဟု အဆိုပါနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့ဝင် ရ ဦးတွင် ရဲတပ်သား ၃ ဦး အသက်ရှင်ကာ ရဲမှူးတစ်ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ရဲဒုတပ်ကြပ် ၁ ဦး
ပျောက်ဆုံးနေပြီး သေနတ်တချို့ ပျောက်ဆုံးနေကြာင်း သိရသည်။

ပျောက်ဆုံးနေသည့် အဖွဲ့များကို တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့များက
ရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး